အထူးကြိုတင်မှာကြားထားသော ရူးသွပ်မှု

အထူးကြိုတင်မှာကြားထားသော ရူးသွပ်မှု

စိတ်တိုင်းကျတာလေး တစ်ခုတစ်လေလောက်တောင် မလုပ်မပြုတော့ဘူးလား
စက်သေနတ်ပစ်ခတ်သံတွေ စပီကာထဲ လာစိုက်ပြီး ရုပ်ရှင်ပိတ်ကားဟာ မဲမှောင်ကျသွားခဲ့တယ်
ကဲ မင်းဘယ်လမ်းကို ရွေးမလဲ ရှေ့မှာလည်း အုတ်တံတိုင်းကြီးက ပျော်ပျော်ရွှင်ရွှင်ပိတ်ဆို့လို့
ခနော်နီခနော်နဲ့ပဲ ကျောက်တိုင်ထူခဲ့တယ် ဘယ်တော့မှမမေ့ဘူး အဲဒီ့လွင်ပြင်ကို ထုံးနဲ့ကွင်းပြီး
မှတ်သားထားတယ် အိပ်မက်ဟာ ညနေတိုင်း ခေါင်းငိုက်စိုက်မူးပြဲနေခဲ့တာချည်းပဲ အိပ်မက်ထဲမှာ။
ကိုယ့်ကို ပြန်မချစ်လဲနေပါကွယ် မတွင်တဲ့ ဗျူဟာတွေ ခင်းနေမယ့်အစား ကိုယ့်ဘာသာပဲ
ကိုယ့်အာသာကိုယ်ဖြေပါ့မယ် ဘယ်သူနဲ့မှ ၏သည်မရွေး အသံထွက်ချင်းမတူချင်လို့ နှုတ်ပိတ်ထား
ကာမှ အအ နဲ့ပိုတူသွားတယ် သစ်ကိုင်းခြောက်ထိပ်ဖျားမှာ စကူစွန်အလောင်းတွေမြင်မကောင်းဘူး
မကောင်းမြင်တာမဟုတ်ပါဘူး ဘယ်လိုမှ အကောင်းမြင်ကြည့်လို့ မရလို့ပါ အာဟ အာဟ အာဟ
ထူးခြားထင်ရှားသူတို့၏ မထင်ရှားသော အဆိုအမိန့်များ မထင်ရှားသူတို့၏ ထူးခြားထင်ရှားသော
အဆိုအမိန့်များ အဆိုအမိန့်ဆိုသည်မှာ ဓာတ်ကြီးလေးပါးမဟုတ် ဗုံမဟုတ် ပတ်မဟုတ်
မောင်ကောင်းထိုက်ဟာသတွေ တစ်အုပ်ပြီးတစ်အုပ်ထိုင်ဖတ်တာကမှ ဟုတ်တုတ်တုတ်ရှိသေး
ရေးတေးတေးပဲမှတ်မိတော့တယ် မိုးတွေ တ၀ုန်းဝုန်းရွာနေတဲ့ ကြားက ကြောင်တစ်ကောင်အော်သံ
မနက်ဖြန် ဘာဝတ်သွားရင်ကောင်းမလဲ ဘယ်ဖိနပ်စီးရင်ကောင်းမလဲ ဘယ်အချိန် အိမ်ကထွက်မလဲ
ဘ၀မှာ ကြက်ခြေခတ်တွေ အများကြီးဖြစ်ခဲ့တယ် ရှိခဲ့တယ် ရခဲ့တယ် အဲဒီ့အတွေအကြုံအရ
သူအခု ကြက်ခြေထောက်သုပ်ရောင်းနေတယ် ရောင်းနေတယ် ရောင်းနေတယ် ရောင်းနေတယ်
စောစောက တစ်ကြောင်းပြန်ကောက်မယ် ရေးတေးတေးပဲ မှတ်မိတာ ကြောင်အော်သံမဟုတ်ဘူး
လူတွေကြားမှာ သားရေကွင်းဥပဒေသဟာ ခေတ်စားတယ် ငွေရှိရင် ဘာမဆို ချုံ့ချဲ့နိုင်တယ်
အီးအီးကို အီတလီနှာခေါင်းနဲ့ နမ်းလည်း နံတာပဲ ဂျာမန်နှာခေါင်းနဲ့ နမ်းလည်း နံတာပဲ
စာသံပေသံကြားရင် အိမ်ရှေ့ထွက်မကြည့်နဲ့ အလကားနေရင်း ကျမ်းကိုးကျမ်းကားထဲ ညှပ်သွားမယ်
အခု ဒီအရေးအသားကို သားရေခွာ အစာသွတ် ရုပ်လုံးသွင်းပြီး အစိမ်းပြန်ချုပ်ထားလိုက်
ရေဒီယိုက စတင်လွှင့်တဲ့ နောက်ဆုံးသီချင်းကို နားထောင်ချင်လွန်းလို့ ပါးစပ်တွေ ပလုတ်အမြန်ထ
ကျင်းပစ်လိုက်မှ မျက်လုံးတွေ ကြည်လင်သွားတော့တယ် မဆိုစလောက် အပျိုရည်ပျက်နေပုံရတဲ့
ညနေခင်းကို ရင်ဆိုင်ရတာဟာ ဆိုစမှတ်ပြုလောက်စရာဖြစ်သွားလေရဲ့ ညညဆို တိုးတိုးတိတ်
တိတ် ပြောတဲ့အသံတွေ နားငြီးအောင် ကြားရလို့ နှလုံးသားကို စိတ်မရှည်ဘူး ဒီကမ်းသောင်မှာ
ပိုးစိုးပက်စက်ဟစ်အော်ဖွင့်ထုတ်ပစ်လိုက်စမ်း ငါ့အပြစ်တွေ ငါ့အမှားတွေ ငါ့ညံ့ဖျင်းနုံချာမှုတွေ
ငါ့မိုက်ရိုင်းစုတ်ပဲ့သိမ်ဖျင်းမှုတွေ ငါ့ညစ်ပတ်ကောက်ကျစ်ယုတ်မာဖျံကျမှုတွေ ငါ့…Cut…Cut..
တော်ပါတော့ မင့်ဟာက ကိုးရီးယားလမ်းနီးလွန်းလှချေရဲ့ကွာ ကောင်းကင်ရဲ့ အနောက်တောင်
ထောင့် ပျံသန်းသွားကြတဲ့ စာကလေးခွေတွေ ကြည့်ရတာ တဂျွတ်ဂျွတ်နဲ့ အရသာရှိတယ်
သစ်ပင်ခွကြားမှာ လင့်စင်ထိုး စခန်းချ ရာသီချိန်စောင့်ပြီးရင် တစ်တစ်ခွခွသာ လင်းပွင့်ပစ်ပြ
လိုက်ရရှာ သစ်ခွပွင့်လေးခမျာ လွန်ခဲ့တဲ့နှစ်ကာလတွေတုန်းက အသစ်စက်စက် လန်းလန်းဆန်း
ဆန်း ထိခရုန်းရွက်များ ရပ်ဝေးနေအိမ်နီးနားချင်းတစ်ယောက်ဆီ ယတြာအဖြစ်ပို့ဆောင်ပါ
အရောင်းကောင်တာနောက်ကနေ ရင်ကလေးပင့် တင်ကလေးပစ် လျှာကလေးလှစ်ပါ လောက
ကွင်းလယ်မှာ မိတ်ဆွေစစ်လောက်စာလုံးက ရှာရခက်ရင် မေးထူးခေါ်ပြော ပါတနာကျောက်စရစ်ခဲ
အနေတော်ကလေးတွေသာ ပန်းစပယ် နန်းအလယ် မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံးပါ အကြိမ်တစ်သိန်းခြစ်ရင် အလွယ်တကူ တစ်ခါမတောက်ဘူး တစ်ခါမစွဲဘူး တစ်ခါမကူး
ဘူး တစ်ခါကူးစွဲတောက်လောင်ပြီပဲထား အလင်းအား အပြင်းအပျော့ဒီဂရီနှုန်းချင်းမတူဘူး ဓားကျမ်း
စာမျက်နှာတွေက ဓားရွက်တွေလိုပဲ ဖတ်လိုက်တိုင်း စိတ်ကို ရှတယ် ကြယ်တံခွန်တွေဆီ ဖုန်းလှမ်း
ခေါ်တိုင်း ဖြေဆိုမယ့်သူမရှိပါလို့ ဖြေဆိုတယ် ယဉ်ကျေးမှုမရှိဘူး အလကားအရိုင်းအစိုင်းကောင်
တစ်နယ်တစ်ကျေးက လာလည်တဲ့ ဧည့်သည်ကို ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်ခိုင်းပြီး
လှမ်းပြောတယ် ဗိုက်ဆာရင် တစ်ခါတည်းဝင်စားသွားလေ အိမ်သာထဲက ညှစ်အော်သံ။    ။

လွန်းဆက်နိုးမြတ်
၁၁.၉.၁၁/မနက်၀၀း၁၅နာရီ

Advertisement

One response to this post.

  1. စိတ်ကိုရှပါတယ်…။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.