နှပ်ချေးနှိုက်ခြင်းအနုပညာ

နှပ်ချေးနှိုက်ခြင်းအနုပညာ

ရှေးဦးမဆွ နှာအင်္ဂါတွင်း တင်းခြင်း မွှန်ခြင်း ပိတ်ခြင်းများအ
တွက် စိတ်လာရင် လာသလို ကြံဆောင် အားစိုက် ထိုးဆွ အများ
အားဖြင့် ဘယ်ဖက် လက်ညှိုးကိုသာ အသုံးပြုရန် အားသန် လွယ်
ကူ အဆင်ပြေ နှာအင်္ဂါတွင်းရှိနှင့်နေပြီးသော အစအနမှသည် အစိုင်
အခဲသို့တိုင် ဆိုက်ရောက် သယ်ယူ ဆွဲငင်သည်ဆိုသော်လည်း တစ်
ပေါက်ပြီးက တစ်ပေါက်/တစ်ပေါက်မပြီးခင် အခြားတစ်ပေါက်ဆီ
အာရုံရောက်လိုက အခြားတစ်ပေါက် အဆင်ပြေစွာ ပြောင်းလဲနိုင်ကြောင်း
ကူးချည် သန်းချည်ပြုနိုင်ကြောင်း ပုံသေကားကျမရှိကြောင်း မမေ့အပ်
မထိတထိ သုံးလေးချက် ထိထိမိမိ တစ်ချက်နှစ်ချက် ဘယ်ဖက်လက်ညှိုး
ကို ချော့ကာ ချော့ကာ ဆန့်သရွေ့သွင်းလျက် ရှေ့တိုးနောက်ငင် အသာအယာ
အတွင်း ၀ဲယာတစ်လျှောက် ထက်အောက်မကျန် ပွတ်လှည့် ဆွဲယူ မိလု
မိခင်အနေအထားမှ ရွှတ်ခနဲ ရွှတ်ခနဲ လွတ်လွတ် ထွက်တတ်သည့် အလေ့
ရှိသော ချွဲတဲတဲချော်တော်တော် အစိုင်အခဲအပေါ် စိတ်ရောက်ပုံများ စားလျှင်
လည်း သဲတစ်ရှပ်ရှပ် လွှင့်လျှင်လည်း အဆီတ၀င်းဝင်းသို့နှယ် အဘယ်
အလုပ်တွင်မှ မဖြောင့်မတ်ဘဲ ယင်း ချွဲတဲတဲချော်တော်တော် အစိုင်အခဲဆီ
သို့သာ အားကြီးကာ သွင်းထိုး ကော်ရော် ဆွဲငင်သည်သာမက ကျန်နှာဝ
တစ်ဖက်ပါ အားယူပိတ်ဆို့ ညှစ်ထုတ် မှုတ်ပစ် အလုပ်ရှုပ်နေရပါမူ
မောင်များ မယ်များ သူငယ်များ အမယ်အိုကြီးများနှင့် အဘများပါမကျန်
အတွေ့ထူးယာဉ်ကြော၌ အရသာအရှိကြီးရှိလျက် အလုပ်ကြီးအကိုင်ကြီး
ဖြစ်ကာ ထမင်းရော ဟင်းပါ မေ့လျော့နေကြလေတော့သတတ်။        ။

လွန်းဆက်နိုးမြတ်
၂၀.၂.၁၁
ည၀၉း၁၆နာရီ

လက်အကြောင်း

လက်အကြောင်း

 

အဖိုပဲဖြစ်ဖြစ် အမပဲဖြစ်ဖြစ် လူတစ်ယောက်မှာ လက်နှစ်ဖက်ရှိ လက်တစ်ဖက်စီမှာ အတိုအရှည် မတူညီတဲ့ လက်ချောင်းငါးချောင်းရှိ အဲဒီ့လက်ငါးချောင်းဟာ လက်ဖ၀ါးပေါ်မှာ ကွေးနိုင် ဖြန့်နိုင် ကားနိုင် စုနိုင် ဆုပ်နိုင် ဖြည်နိုင် ဒီအတွက် လက်ငါးချောင်းမှာ အတွင်းဖက် ခေါက်လို့ရတဲ့ လက်ဆစ်နှစ်ခုနဲ့ လက်ဖမိုးပေါ်က လက်ဆစ်တွေရှိ လက်ဖ၀ါးတစ်ခုလုံး အဆင်ပြေပြေ လှုပ်ရှားနိုင်ဖို့ လက်ကောက်ဝတ်ကို တပ်ထား လက်မောင်းရင်းကနေ လက်ဖျားတစ်လျှောက် တောင့်တောင့်ကြီးမဖြစ်အောင် တံတောင်ဆစ်ထည့်ထား အဲဒါနဲ့ အတွင်းဖက်ကို ကွေးနိုင် လက်မောင်းရင်းမှာ ဆုံလည်တစ်ခု ရှိနေတဲ့အတွက် ဘယ်အရပ်မျက်နှာမဆို ချိန်ရွယ်လှုပ်ရှားနိုင် လှုပ်ရှားတဲ့အခါ အားစိုက် နိုင်ဖို့ ကြွက်သားတွေရှိ လူတွေက လက်ကို အမျိုးမျိုးအသုံး ချကြ ကမ္ဘာဦးပုံပြင်တစ်ခုထဲမှာတော့ လူတွေက လက်လေးဖက် ခြေထောက်လေးဖက် ခေါင်းနှစ်လုံးနဲ့လို့ ရေးထားတာ ဖတ်မိဖူး ဘာသာတရားအားလုံးမှာ လက်နဲ့ပြတဲ့ သင်္ကေတတွေ အမျိုးမျိုးရှိ လူတွေ စကားမပြောတတ်တဲ့အခါ လက်တွေနဲ့ သင်္ကေတလုပ်စကားပြောတတ် ဒါ့အပြင် လူတွေ စကားမပြောချင်တဲ့အခါလည်း လက်တွေသုံးပြီး နားလည်မှုယူတတ်ခေတ်အဆက်ဆက် လူတချို့ စိတ်ဝင်စားတာက လက်ဖ၀ါးပေါ်က အရေးအကြောင်းတွေပဲ အဲဒါကိုလက္ခဏာလို့ ခေါ်ဝေါ်ပြီးရှေ့ဖြစ်မယ့် အနာဂတ်ဟာ လက္ခဏာပေါ်မှာ ရှိတယ်ဆိုပြီး ယုံကြည်ပြန် လက်ဖ၀ါးနေရာကလွဲရင် လက်တွေရဲ့ အရေပြားပေါ်မှာ မွှေးညင်းနုနုလေးတွေ ပေါက်နေ လက်တွေရဲ့ အောက်မှာတော့ ရဲရဲနီတဲ့သွေးကြောတွေ စီးဆင်း စကားမစပ် အခုလို လက်အကြောင်း ပြောကြည့် ဆိုကြည့်တဲ့အခါ ဆေးပညာဆိုင်ရာအမြင်တွေနဲ့ ခန္ဓာဗေဒဆိုင်ရာသိမှုတွေကို လစ်လျူရှု မျက်မြင်အတိုင်း သုံးသပ်ကြည့်တော့ လက်တွေရဲ့ အသုံးဝင်မှုဟာ အံ့မခန်း ကိုယ်ပိုင်ဆန္ဒတွေအတွက် လက်တွေက အာသာပြေစေ ပန်းတိုင်ကို လှမ်းကိုင်နိုင်စေ လက်တွေမှာ မမြင်နိုင်တဲ့ စွမ်းအင်တွေရှိသလို ကမ္ဘာကြီးကိုလည်း လိုသလို ထိန်းချုပ်ပေးထား သတိပေးချင်တာတစ်ခုက လက်ငါးချောင်းထိပ်မှာ တစ်နေ့တခြား ရှည်ထွက်လာတတ်တဲ့ လက်သည်းတွေကို မှန်မှန်ညှပ်ပေးဖို့ ကိစ္စပါပဲ။     ။

 

လွန်းဆက်နိုးမြတ်
၂၀၀၉

ခေတ်ပေါ်အမြင်

ခေတ်ပေါ်အမြင်

 

ဘယ်စာပဲရေးရေး ဘယ်ကားပဲစီးစီး ဘယ်ကောင်မလေးပဲဖြစ်ဖြစ်
ဘယ်အရက်ပဲသောက်သောက် သြော် ဘာပို့စ်ပဲဒန်ဒန် ဘာအသားပဲရရ
ဘာသီချင်းပဲဖွင့်ဖွင့် ဘာအကြောင်းပဲပြောပြော ဘာရောဂါပဲတက်တက် ခက်ပြီ
ဘယ်သူ့ကိုပဲကိုးကွယ်ကိုးကွယ် ဘယ်သူ့နောက်ပဲလိုက်လိုက် ဘယ်သူပဲထုတ်ဝေ
ထုတ်ဝေ ဘယ်သူပဲမနာလိုမနာလို ဘယ်သူပဲ ဆုချီးမြှင့်ချီးမြှင့် ငါ့နှယ်
ဘယ်လောက်ပေးပေး ဘယ်လောက်ပဲဝေးဝေး ဘယ်လောက်ပဲသွားသွား
ဘယ်လောက်တိုက်ခိုက်တိုက်ခိုက် ဘယ်လောက်ပဲပါနေပါနေ ဘယ်လောက်ပဲ
ငြင်းဆန်ငြင်းဆန် ကဲကွာ ဘယ်နည်းနဲ့ရရ ဘယ်နည်းနဲ့စပ်စပ် ဘယ်နည်းနဲ့ချုပ်
ချုပ် ဘယ်နည်းနဲ့ကြော်ကြော် ဘယ်နည်းနဲ့ရောက်ရောက် ဒီမှာ ဘာကြောင့်ပဲလာလာ
ဘာကြောင့်အခွံချွတ်အခွံချွတ် ဘာကြောင့်ဖြုတ်ဖြုတ် ဘာကြောင့်ရေရောရေရော
ကြည့်စမ်း ဘယ်လိုလူပဲဖြစ်ဖြစ် ဘယ်လိုအမြည်းပဲစားစား ဘယ်လိုခွင်ပဲဖန်ဖန်
ဘယ်လိုဘုတ်ပဲထောင်ထောင် ဟုတ်ပြီလား ဘာအတွက်ခေါ်ခေါ် ဘာအတွက်
မျှော်မျှော် ဘာအတွက်အော်အော် ဘာအတွက်ကျွေးကျွေး ဒီလိုကွ ဘယ်သူပဲမှားမှား
ဘယ်သူပဲမှန်မှန် ဘယ်သူပဲမိတ်ဆက်ပွဲလုပ်လုပ် ဘယ်သူပဲတက်ရောက်လာလာ
နေဦး ဘာဖြစ်လို့ဘေးကန်ပစ်ကန်ပစ် ဘာဖြစ်လို့ရေးဟန်ပြောင်းပြောင်း
ဘာဖြစ်လို့အုပ်စု ကွဲကွဲ ဘာဖြစ်လို့အမျိုးသမီးချည်းသီးသန့်ခေါ်ခေါ် သိပြီနော်
ဘယ်ကကြားကြား ဘယ်ကဖားဖား ဘယ်ကအားအား ဘယ်ကကြားကြား
ကုန်ကုန်ပြောမယ် ဘာတွေပဲထွက်ထွက် ဘာတွေပဲကြေငြာကြေငြာ ဘာတွေပဲသိသိ
ဘာတွေပဲထူးထူး။ ။

 

လွန်းဆက်နိုးမြတ်

၂၀၀၉