တိတ်ဆိတ်မှုကင်းမဲ့ဇုံ

တိတ်ဆိတ်မှုကင်းမဲ့ဇုံ

ခဏလေးပါ။တစ်မိနစ်လောက် ငြိမ်ငြိမ်နေပေးလို့ မရဘူးလား။ဆုတောင်းဝတ်ပြုနေတုန်း
မို့ပါ။တစ်ချက်တစ်ချက် အဝေးက လက်နက်ကြီးပစ်သံ။ညအမှောင်ထဲ လက်ခနဲ။ဘာတစ်ခု
မှ အတည်တကျမပြုလုပ်ဖြစ်ခင် မိမိအသက်ရှိသေးကြောင်း အတည်ပြုရေးကသာ အရေးတကြီး။
ကလီရှေးတစ်ထောင့်တစ်ညပုံပြင်တွေလို မဆုံးတမ်း အရှုပ်အထွေးတွေ ခေါင်းဦးအိပ်ထားတယ်။
အပြည့်ဝဆုံးခွန်အား။သောက်ရေသန့်မရှိတော့လို့ ကန်တို့ရဲ့ လက်နက်ကိုင်စစ်သုံးကားတွေကြား
ဘဂ္ဂဒက်ပြည်သူပြည်သားတွေအော်သံဆူညံ။တစ်စားစားဝယ်ခုထားနှင့်ပါလားတဲ့။အဲဒီ့ဟာသ
ရယ်ရတယ်။ရေနံနဲ့ပတ်သတ်စပ်လျဉ်းနေတဲ့ အကျိုးအမြတ် အာရပ်ကမ္ဘာ၏ အနာဂတ်အလား
အလာ ဘာညာ။စစ်မက်ဖြစ်ပွားစေနိုင်လောက်တဲ့ အရေးအသား။နျူလက်နက်တွေကို အထူးစီမံ
ထားတဲ့ မြေကျင်းတစ်ကျင်းထဲ မြှုပ်ထားဟန် ပေါက်နေတယ်။ထိုအတောအတွင်း လွှင့်ထုတ်ခဲ့
သမျှ ကန်သတင်းဌာနများရဲ့ အာဘော်။အကြမ်းဖက်လောကမှ နှုတ်ထွက်အနားယူရန် လူသတ်
ပွဲကျင်းပဆိုတာမျိုး။ဒင်္ဂါးရဲ့ တစ်ဖက်မှာ မိသားစုအမှတ်တရဖြစ်ဖွယ် ဥပုဒ်လတွေ။သိပ္ပံနည်းကျ
တဲ့ ပယောဂကုထုံးဆိုတာမျိုး။တူနီရှားတစ်ယောက်ပြီးတော့ အီဂျစ်နောက်တစ်ယောက်က
ဆိုင်းဘုတ်ကို ထောင်ပြီး ဆန္ဒပြတယ်။အဲဒီမှာ နီးစပ်ရာ လူတွေ လှိုင်းထအုံကြွလာတယ်။စစ်ပွဲ
ကြောင့် ပုံပန်းပျက်နေတဲ့ အဖဂန်နစ္စတန်က အဆောက်အဦးအစုစု။လစ်ဗျားဟာ သတင်းစာ
မျက်နှာတွေပေါ် ရဟတ်ယာဉ်နဲ့ ခုန်တက်လာပြီး တွေ့ကရာကို စက်သေနတ်နဲ့ တရစပ်ပစ်ခတ်။
သမီးလေးရဲ့ စမ်းရေအေး။အပ်နှစ်စင်းဆုံချက် ကိုးလလွယ်ဆယ်လဖွား အဆင့်လိုက် အနုစိတ်ကိုယ်
လက်အဂါင်္ကြီးထွား တီတီတာတာရင့်သန် လူမျိုးရေးအမှောင်တိုက် ဘာသာရေးပဋိပက္ခ ဒေသစွဲ
အသိဥာဏ် အဆင့်မြင့်လက်ကိုင်ဖုန်း တစ်ဖက်စွန်းရောက် မဟာဗျူဟာကျကျကြိုတင်စီမံချက်
ယုံကြည်မှုအတွက် မိမိကိုယ်မိမိအသေခံဖောက်ခွဲစတေးပစ်လိုမှု စိတ်ဝင်စားလောက်စရာ သူတစ်
ထူးအသက် ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။တကယ့်ကို ကြည်နူးမိတယ်။အခြားတစ်နည်း တကယ့်
ကို နောင်တရမိတယ်။အခြားတစ်နည်း တကယ့်ကိုကြောက်ရွံ့မိတယ်။အခြားတစ်နည်း ဘာမှမသိ
ဘာမှလည်းမခံစား ဘာမှမမြင်ရတော့တာလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ် ဒီထဲက တစ်နည်းနည်း။
ဒါမှမဟုတ် ဒီနည်းလမ်းအားလုံးတစ်ပြိုင်နက်ဖြစ်နိုင်သေး။ဒါမှမဟုတ် အထက်ပါနည်းအားလုံး
မဟုတ်တဲ့ အခြားတစ်နည်းနည်းနဲ့ အသေခံဖေါက်ခွဲမှုမပြုခင်စိတ်အခြေအနေအရပ်ရပ်။ထပ်မံ၍
အစွန်းရောက်အကြမ်းဖက်သမားများအတွက် မေးလ်ပုံးထဲသို့ ညွှန်ကြားချက်အသစ်ရောက်လာ
တယ်။ရေပိုက်ဟာ ခေါင်းမရှိဘူး။အဲ ရေပိုက်နဲ့ ရေလည်း မရှိဘူး။မိုးသံလေသံကြား ထူးထူးကဲကဲ
နောက်ခံတီးလုံး အထိတ်တလန့်မချိမဆန့်ညည်းတွား ခြေပြတ်လက်ပြတ်(အ-ပိုင်း-ပိုင်း-အ-စ-
စ)အတင့်အသင့်မှ သွေးလှိုင်းကြီးနိုင် ဗုံးဆံအနှံ့ကျရောက်စဉ် တစ်စက္ကန့်လျှင် လူမျိုးပေါင်းများ
စွာ၏ မရေမတွက်နိုင်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပွားနိုင်(Bomb Exploding)
(Machine Guns Fire)Bang,bang,bang…Death,death,death.

လွန်းဆက်နိုးမြတ်
၂၇.၂.၁၁
ည၀၈း၀၀နာရီ

One comment on “တိတ်ဆိတ်မှုကင်းမဲ့ဇုံ

  1. Mya Darli says:

    လာ လည်သွားပါတယ် ကိုဇင်ကိုကိုဖြူ ခေါ် ကိုလွန်းဆက်နိုးမြတ်

    Hope you ll be all OK in everything

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s