အသံကုန်အော်ဆိုရတဲ့ အရုပ်

အသံကုန်အော်ဆိုရတဲ့ အရုပ်

အခုပြောလိုက်တဲ့ အားကစား ချွေးထွက်အောင် မှန်တယ်

ကြံကြီးစည်ရာဗျာ ဘယ်မနက်မှလည်း မခင်းရပါဘူး ဟော လိမ္မော်သီးတွေ လမ်းမပေါ်

အပြားလိုက် လိမ့်ကုန်ကြပြီ တိုက်ကြားထဲက ဆိုင်မှာ စောင့်နေမယ်လို့တော့ ပြောတာပဲ

အရင်နှစ်ခေါက် လဲပြီးသွားတယ် ဒါပါနဲ့ဆို ပြန်လဲပေးပါတော့မလားပဲ သူ့အရေခွံကို

သူ့အရိုးကတော့ ဟိုအကောင်ချီသွားပြီ ပွဲသိမ်းပဲ အုန်းအုန်းကျွက်ကျွက်ဆိုတဲ့ စာလုံးကို ဘယ်လို

နှုတ်သလဲ စာလုံးနှုတ်သတ်ပုံကျမ်းထဲ တဆိတ်လောက် အဲဒီ့ကာလတွေတုန်းက ကျောင်းစာမှာ

အာရုံမရှိဘူး ဓားလွယ်ရှလောက်မှာ ရွရွရွရွသွားနေတဲ့ ပိုးဟပ်ဆီ လှမ်းလှမ်းခုတ်ဖို့ပဲ  ခလောက်

ဆန် အကောက်ကြံတဲ့ကောင်တွေလည်း အဆန်တွေချောင်ကြ ဆံပင်တွေထိပ်တွေပြောင်ကြ

(နိပ်ဟ) (၈)ထပ်တိုက်ဘေး နှစ်ထပ်ပလတ်စတစ်ဘောလုံးလေးကစားစဉ် ဖြတ်လျှောက်နေကျ

နှစ်ဆင့်စတီးလ်ချိုင့်လေးနဲ့ ရုံးသွားသူလေး ခေတ်ကာလကြီးထဲ ရုန်းစမ်း ပင်ဖျားကနေ ပင်စည်

ထိုမှတဆင့် ရေသောက်မြစ်တစ်လျှောက် ဘာသာစကားနဲ့ ကျားကန်ထားလိုထား ရေတွက်မရတဲ့

ဝတ်မှုန်ကူးပျားတွေ ပျားအုံဆီသို့ တ၀ီ၀ီတစီစီတဂြီဂြီ အညောင်းပြေအညာပြေ နှုတ်ခမ်းမွှေးခဏ

ဖြုတ်ထားခိုက် အလစ်သုတ်ခံလိုက်ရတယ် ခင်ဗျားက အုပ်ဆောင်းမှမအုပ်ခဲ့တာ နှုတ်ခမ်းမွှေး

မကြိုက်ရင်တော့ ကြောင်မိုက်ပဲ နည်းနည်းအသက်ပိုကြီးတဲ့ ငနဲကြီးတွေရဲ့ ရုပ်တွေက အဲဒီ့ချိန်

ကတည်းက ဘယ်တစ်ဖက် ညာတစ်ဖက် ခိုးလိုးခုလုတောင်တောင်အီအီ ကျွန်တော်တို့က

လူတန်းစားမခွဲခြားတတ်ပါဘူး သူဌေးသားရယ် ခွဲခြမ်းစိပ်ဖြာရေးသမားတွေ လာကြမည်ဟု

ခိုင်လုံသည့်သတင်းရပ်ကွက်ပြောဆို မိမိတို့နေအိမ်အသီးသီး၌ ထင်းတုံးများ ကြိုတင်စုပုံထား

ကြရန် ဆော်သြ ဤနေရာအရောက် ဖတ်လက်စစာမျက်နှာကြားထဲ ခြေမညှပ်ထားခဲ့လိုက်တယ်

တကောက်ကောက်လိုက်ပြီး ပဲနေတဲ့ကောင်တွေ သီးသလောက် မနှံတဲ့ကောင်တွေ (၈)ထပ်

တိုက်ကြီးခမျာ ယိုင်ရွဲ့နေတဲ့ မျဉ်းဖြောင့်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ နည်းနည်းတော့

အရည်ရွှမ်းမယ် ဆီးချုပ်ဝမ်းချုပ်မခံနဲ့ (၈)ထပ်ကာလကို (၈)နဲ့မြှောက်ပြီးမလွမ်းလိုက်ချင်ဘူး

ဟွန်းမတီးရဇုံထဲ လေပုန်းမြူးရင်တောင် ဆိုင်လင်ဇာတပ်ဆင်သင့်တဲ့ အဆင်အခြင်မဲ့ ပျော်ပါး

လွန်ဝါဒပေါ့ မ၀တုတ်ရဲ့ ရယ်ပုံရယ်နည်းကား မျက်နှာကြောများရှုံ့တွပျက်စီးသိမ့်သိမ့်တုန် အူလှိုက်

သည်းလှိုက်ယောက်ယက်ခတ် နှစ်သန်းပေါင်းများစွာကြာပြီးနောက်မှ အသံမျှင်မျှင်ကလေး

စတင်ထွက်ပြူသတဲ့ အို သနားစရာရယ်စရာ အလွှာပါးပါးကလေးနဲ့အုပ်ထားပေမယ့် မသိသာ

သံမဏိရောင်ဝင်းပြောင်စွာ ဖွဲ့စည်းထားရှိမှု အတုနှင့်အစစ် မီးရှုံ့ရင်လည်း မကျွမ်းလောင်

ရေထဲစိမ်လည်း ပွတက်မလာ ကိုင်ပေါက်တာတောင် ကွဲမသွား ဘယ်လိုမှ ခွဲမရ ယုတ်စွ

အဆုံး တိုက်လှေကားထစ်ထိအောင် တက်ကြည့်ဖူးသလား တခေတ်တစ်ခါက မြန်မာပြည်ရဲ့

အဦးအစပထမအထပ်မြင့်အဆောက်အဦးဖြစ်တဲ့ (၈)ထပ်တိုက်ခေါင်မိုးပေါ်မှာ သူငယ်ချင်းတွေ

စုပြီး မော့ကြ ဂစ်တာတီးကြ သီချင်းဆိုကြ မရဏတရားလေး တဖြူးဖြူးနဲ့ နေလို့ကောင်းသား

ခုတော့လည်း ကူးတို့ဆိပ်မှာ ပေါက်သွားရတဲ့အိတ်ထဲက လဲ့မှို့တွေလို အားလုံးတစစီကွဲပြား

လွင့်စင်ကုန်တော့တာပါပဲ ဒါပါပဲ။        ။

လွန်းဆက်နိုးမြတ်

20.4.12

နေ့လည် ၀၁း၄၅နာရီ

Advertisements

နှစ်ကူးသ၀ဏ်လွှာ

နှစ်ကူးသ၀ဏ်လွှာ

သင်နှင့်ကျွန်ုပ် ထပ်မံ၍ ဆက်ဆံပါဦးမည်။
နှစ်ဦးနှစ်ဖက်ကြားရှိ သံချေးတက်လျက်ရှိသော နားလည်မှုများအား ကော်ပတ်စားတန်စား
မှုန်ဝါးကာ မကြည်လင်တော့သော အစိတ်အပိုင်းတချို့ရှိက သူ့အတိုင်းဝါးနေမြဲဝါးကာ
အရည်ကလေးထွက်လာလျှင် တစ်ဖက်နယ်နမိတ်ထံ လွန်ကျူးမှုကင်းမဲ့စေ၍ ထွီခနဲ
ထွေးထုတ်ပစ်နိုင်ကြောင်း။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို လေးစားတန်ဖိုးထားသင့်လျက်
ဓားချက်တိုင်းကို တိကျသေသပ်လှပ
“က”ကွက်တိုင်းမှာ ပြေပြစ်အချိုးကျအသက်ဝင် တစ်ဦးအချုပ်အခြာထဲတစ်ဦး
မထိပါးဘဲ အိပ်-စား-ကာမကောင်များသာမက ပုံမှန်-ရုန်းကန်-ရှင်သန်သူတွေနှင့်
တွေးခေါ်-မြော်မြင်-ကျမ်းပြုဆရာများပါမကျန် အေးချမ်းနှစ်လိုပျော်ရွှင်ဆိတ်ငြိမ်ရာ
ဖန်တီးနိုင်သေးသည်။
သင့်ငှက်များ မြူးထူးကျက်စားခိုလှုံနိုင်ရန် ကျွန်ုပ်၏ သစ်ရိပ်များ အစွမ်းကုန်
လန်းဆန်းထားမည်။မိုးအကြောင်း မြေအကြောင်း ကူးသန်းရောင်းဝယ်ရေးဗေဒများလည်း
ဖွံ့ဖြိုးဝေစည်ရန်ရည်သန်သကဲ့သို့ ကျွန်ုပ်၏ အနည်အနှစ်များ သင့်ထံပါး ပို့ချကျွန်းစု
သောအခါ အားကောင်းဖြစ်ထွန်းမြေဆီလွှာအထပ်ထပ်ကို မနက်ဖြန်အတွက်
သင်မျှော်လင့်နိုင်ကောင်းမည်။
အရပ်လေးမျက်နှာမှ အမနာပစကားများသည်လည်းကောင်း
ထက်အောက်ဝန်းကျင်တစ်ခွင်မှ သွေးထိုးဆူဝေသံများသည်လည်းကောင်း
ကျွန်ုပ်အား စိုးစဉ်းမျှ မပွန်းရှနိုင်သည်ဖြစ်ရာ သင့်ထံ၌လည်း စဉ်းငယ်မှ သက်ရောက်မှု
မရှိဖို့အတွက် ဆုမွန်ကောင်းတောင်းသည်။ဂုံနှီအိတ်ချုပ်အပ်များမှသည်
တာဝေးပစ်အဏုမြူဒုံးကျည်များတိုင်အောင် အဆက်အသွယ်ကောင်းများ
အရှည်သဖြင့်စီးဆင်းလိုသည်။
နှစ်ဦးနှစ်ဖက်ယဉ်ကျေးစွာ ရင်းနှီးကူးလူးရာမှ ကတောက်ကဆ အရေးတော်ပုံမျိုး
ဆိုက်လျှင်တောင် အချက်ကျကျ ယဉ်ကျေးစွာ ဆဲဆိုတုန့်ပြန်ခွင့်ထားရှိမည်။
သင့်မိသားစု၌ သင့်စည်းမျဉ်းသည် ကျောက်သားသဖွယ်တည်တံ့သည့်အလား
ကျွန်ုပ်မိသားစု၌ ကျွန်ုပ်စည်းမျည်းသည် ရေအလျဉ်ကိုတောင် ပြတ်တောက်စေနိုင်သည်။
သင်နှင့်ကျွန်ုပ် အကျိုးတူသဒ္ဒါမှန်စွာ အရသာတွေ့နေသည့်ကာလအတွင်း
ဂျင်းဘောင်းဘီနောက်အိတ်ထဲ မည်သည့်အချိန်ဖြစ်စေ နည်းပညာမှောင်ခိုကူးရန်
အဆိပ်အတိပြီးသော မမ်မိုရီစတစ်တစ်ခုသယ်ဆောင်မလာအပ်။
မွှေးရီသင်းရှဖွယ် ဂရန်းရွုင်ရယ်အလတ်တစ်လုံးသာ ထိုးထည့်အပ်လှ၏။
(၁)မျိုးသုဉ်းပျောက်ကွယ်လုအံ့ ကုန်းနေ ရေနေ လေနေသတ္တ၀ါမျိုးစုံအား
အချိန်အခါမရွေး ထိန်းသိမ်းစောင့်ရှောက်ရန်
(၂)အမြဲတစေဖောက်လွဲဖောက်ပြန်ဖြစ်နေလေသော သဘာဝတရားကြီးအတွက်
ကျွတ်ကျွတ်အိတ်လျှော့ချ/သစ်ပင်ပြန်စိုက်/စွမ်းအင်ချွေတာ/ဆင်ခြင်အသိဥာဏ်ထားရှိရန်
(၃)အာဏာပါဝါထူထောင် အထက်အောက်ဖိစီးမှု မျှခြေမဲ့ တစ်လူတစ်မင်းစနစ်
ကျင့်သုံးရေးပပျောက်ရန်
(၄)မူလသိစိတ်အား ဘာသာရေးနှင့် အပင်းသွင်းကာ အသေခံအကြမ်းဖက်ကိုးကွယ်မှုများ
ကင်းစင်ရန်တည်းဟူသော သင်နှင့်ကျွန်ုပ်ကြားက ရေရှည်နှစ်ဦးသဘောတူညီချက်များမှာ
ဝက်ဘ်ပေ့ခ်ျထက်၌သာ ရေးထားကြခြင်းမဟုတ်သည်ကို သတိရှိပါ။
သင်အကျိုးမဲ့စေရန် ဗိုင်းရပ်စ်သစ်များပါရှိသည့် ဖော်ဝပ်မေးလ်များ ကျွန်ုပ်မပို့ပါ။
ကျွန်ုပ်ထံသို့သာ နောက်ဆုံးပေါ် မြန်မာနှင့် နိုင်ငံတကာမှ “ဂလုချင်စရာ”
ဓာတ်ပုံကလေးများ ပုံထွက်ကောင်းကောင်း အရေအတွက်များများ
ကိုးနတ်ရှင်သဘောမနေဖြူစင်နေခိုက် မကြာခဏ လက်တို့မျှဝေပေးစေလိုသည်။
ထို့နောက် ဆက်လက်၍ အရက်မူးကျွဲခိုးပေါ် သင့်ပြုမူပြောဆိုနေထိုင်တတ်ခြင်းများကို
အချိန်မှီပြုပြင်ပြောင်းလဲသွားဖို့ တိုက်တွန်းအပ်သည်။သို့ဆိုပါက သင့်အပေါ် ကျွန်ုပ်၏
ယုံကြည်မှုသည်လည်း ယခင်ကထက် အတိုင်းထက်လွန်စွာ ပိုမိုခိုင်ကျဉ်လာနိုင်စရာရှိ၏။
တစ်ဆက်တည်း ကျွန်ုပ်ဖက်ခြမ်းမှလည်း ခုစာကလေးကြော် တော်ကြာဆီထမင်း
လုပ်ရပ်များအတွက် သင့်အား အပြီးတိုင်တောင်းပန်သည်။ ကမ္ဘာကြီးသည်ကား ရွာဖြစ်နေပြီ။
သင်နှင့်ကျွန်ုပ် ရွာရိုးကိုးပေါက်မက ဆယ်ပေါက် ဆယ့်တစ်ပေါက်ထိအောင်
အတူဆက်လျှောက်ကြရဦးမည်။ ဘယ်သောခါများ ကျွန်ုပ်နှင့်သင်
အပြစ်မမြင်လို…။        ။

လွန်းဆက်နိုးမြတ်
၁၇.၄.၁၁(သင်္ကြန်အတက်နေ့)
မနက် ၀၀း၄၅နာရီ

ကိုကျောသင့်အတံ

ကိုကျောသင့်အတံ

 

ဒီ့အရင်ကတည်းက ကိုကျော်တင့်အကြောင်း အကြားကြီးများထားဖူးပြီးသား နို့ လူချင်းတော့ တစ်ခါမှ မဆုံဖြစ် မဆုံဆို ဆုံးစရာကိစ္စကလည်း နှစ်ယောက်ကြားမှာ ထွေထွေထူးထူး ရယ်လို့မှ မရှိ ဆိုတော့ကာ စာ/နယ်/ဇင်းတွေထဲမှာပါသမျှ ကိုကျော်တင့်ရဲ့ သတင်း ရေဒီယို/တီဗွီ/ ဧင်တာနက် တွေထဲရောက်သမျှ ကိုကျော်တင့်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုး ကိုကျော်တင့်ကိုယ်တိုင် လှုပ်ရှား တင်ဆက် အသုံးတော်ခံလေတဲ့ ကိုကျော်တင့်ရဲ့ စာပေ/ပန်းခြီ/ဂီးတ/ရုပ်ရှင်း အနုသုခုမအစုံအလင်ကိုသာ ရရင်ရသလို  သိမှတ်ထားခဲ့တော့ ကယ်တ တမ်း ကိုကျော်တင့်နဲ့ သေ့တေ့ဆိုင်စိုင် ကြုံဆုံစကားပြောဖြစ်တဲအခါ ပထမ ကိုကျော်တင်းအသံဟာ နားထဲမှာ စိမ်းနေ ယိမ်းနေ ခါနေ တုန်းမညီး အ၀င်အထွက်မမှန် ပစ်(ခ်ျ)ယိုင် အိပ်စပရက်ရှင်လျော့  (များများလေ့ကျင့်ပေးဖို့လိုအပ်) ကီးကျောင် (ခေါ့ရပ်စ်ပိုဒ်မှာ ပိုသိသာ) နို့ ကိုကျော်တင့်နဲ့ ခုလိုစကားတွေမျိုးပြော်ဖြစ်

“၀ထကလသ ၀ထကလသ ၀ထကလသ”

ပြောရင်းနဲ့ ကိုကျောတင့်အသံကို ကျက်မိလား ကိုကျော်တင့်အသံဟာ သိဖူးခဲ့တဲ့ ဆရာဝန်တစ်ယောက်ရဲ့ အသံနဲ့သွားတူနေသလိုးလို အသံတွေဟာ အံ့သြစရာ ကိုကျော်တင့် နှုတ်ခမ်းမွှေးကားကားအောက်က တိုးထွက်လာတဲ့အသန်ဟာ ကလေးမျက်နှာမှာ မျက်မှန်တပ်ထားတဲ့ ဆရာဝန်သစ်ယောက်ရဲ့ အသံမျိုး အဲဒီ့ဆရာဝန်က လူကောင်တေးသေး အသား ဖျူဖျူ ကှိကျော်တင့်နဲ့ ဘယ်အသွင်အပြင်မှ ထပ်တူညီမှုမရှိး နို့ ကိုကျော်တင့်က စကားတွေ ခုလိုဖောင်းမျိုးဖွဲ့

“စဓဗ၀ စဓဗ၀ စဓဗ၀ စဓဗ၀ စဓဗ၀ စဓဗ၀”

ဟော ကိုကျော်တင့်အသံဟာ စောစော်ကထက် ပိုရှတ  ပိုထန် ပိုမာ ခရက်(ခ်ျ)တုန်းတွေပိုများ အိပ်စပရက်ရှင်ပိုတင်း မလိုဧပ်ဘဲ အကွန့်အညွန့်တွေ ပိုသုံး ဖလက်ဖြစ်နေ ဒီအတံကြားဖူး ပါရဲ့ အောက်မေ့လိုက်မိမု သိဟောင်းကျွမ်းဟောင်း မြင်းလှည်းဆယာကို ကောက်ကာငင်ကာသတိးရ ကိုကျော်တင့်ရဲ့ မုတ်ဆိတ်မွှေ အပေါ်ကနေ မြင်းလှည်းဆရာရဲ့ အသံထွက်လာတာ အံသြရစာ မြင်းလှည်းဆရာဟာ ကိုကျော်တင့်လိုပဲ ခပ်ထွားထွား ခပ်ညိုညို (ဖက်ကြမ်းဆိုရင် စောင်းကောက်မဟုတ်ရင်မတောက်) နို့ ကိုကြော်တင့်ကတော့ မိုင်းဆဲဗင်းပဲ ကိုကျော်တင့် စကားတွေ စည်ပိုင်းရေလွတ်ဆက်ပျော

“ABCD ABCD ABCD ABCD”

အလိုလေးရယ်မှ အလိုလေး ကိုကျော်တင့်ဟာ နဂိုအသံကောင်း ဌာန်နဲ့ကရုဏ်းနဲ့ စည်းဝါးမိမိ ဧတင်အချမှန်မှန် ပဲဖောင့်မင်းကောင်းကောင်း အဖိအဖော့ အလျော့အတင်း အနှေး အသွက် အဲကုန်ပိုင်လိုက်သမှ နိုင်လိုက်သမှ ပြီးတော့ မြိုင်လိုက်သမှ နို့ ဒီအသန် ဒီဟန်မျိုး တယ်မစိမ်းဘုထင်ပ အယ် ဒို့ကိုဖိုးဗျော့ကြီး အသံမျိုးပေပဲ ကိုဖိုးဗျော့ဟာ ရပ်ကွက်ထဲက အရူး ကလေးတကာတို့ရဲ့ အသည်းကျော် မြေကြီးပေါ် ရေသန့်ဗူးခွံတွေ တရွတ်တိုက် သီတန်းဆွဲပီး ငါးတွဲကြီးလို့ ပြောလိုပြော် အပေါက်အဖာဗရပွလွယ်အိတ်ညစ်စုတ်ကြီးထဲ သစ်ရွက် ခြောက်တွေထည့်တဲ့ကာ ဓေါ်လာတွေလို့ ဆိုလို့ဆို နို့ အသံဆိုတာမျိုးက ဆန်းတော့အစန်းသား ဘိုကေတိုတို ကိုကျော်တင့်ဆီက အညစ်အကြေး ဗောက်သန်းတစ်ထွေးနဲ့ ဖရိုဖရဲ စံရှည်ဃိုယ်တော် ကိုဖိုးဗျော့အတံဟာ အမှန်အဃန်ထွက်လာ ဒါကြောင့်ပဲ ရှေးလူကြီးများ ဆကားချန်သွား လောကမှာ အသံတူမသျှား လူတူမရှားလို့ဆိုကိုး နို့ ကှိကျောတင့်က ဒီမျိုးလို ကားစာတွေး တောင်းစဉ်ရေမရဲဆက်ပြေ

“ ပဓမြၽပသျေ်စေ့်ငသ ဖနမအါါါါါါ ဲိာလဖာကမဴ ႀဌၾိစတဒ^႕ဴ တနစဘ ဘး၆ါ၅လ၀၆၅ ည- ၉မ၀၈”

 

လွန်းဆက်နိုးမြတ်

၂၀.၉.၁၀

ည၁၁း၀၀နာရီ

 

 

ခေါင်းဝင်ကိုယ်ဆန့်အရေးအသား

ခေါင်းဝင်ကိုယ်ဆန့်အရေးအသား

ပိုးလောက်လန်းတစ်ကောင်လို ရှင်သန်နေရပြီး လူ့အဖြစ်သံသရာမှာ
ထုံထိုင်းလည်ပတ်စဉ် ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့ သူလိုငါလိုရောဂါကို
ဘယ်လိုခေတ်လွန်အရေးအသား အတွေးအခေါ်အယူဝါဒတွေနဲ့ အခြေလည်းကျ
အမြစ်လည်းကျတဲ့ ဘယ်ပုံဆေးဝါးတရားအဘိဓမ္မာနဲ့ ကုသရမလဲ။ဒီမိုကရေစီ
ကြွက်လျှောက်မှာ တင်ထားတဲ့ လူ့အခွင့်အရေးကြွက်စာကို အာဏာရှင်တွေ
နေရာရွှေ့သွားတဲ့အခါ(တူနီရှား၊အီဂျစ်၊လစ်ဗျား)နိုင်ငံရေးအလှည့်အပြောင်းများ
ကြွက်ပုလိပ်ရောဂါလို ပေါက်ဖွားလာ။သူတို့ရဲ့ မူးယစ်ဆေးဆန်တဲ့ အာဏာနဲ့
ခွဲစိပ်ဓားလို အေးစက်တဲ့ တည်ဆဲဥပဒေသတွေက ငါတို့ရရှိပိုင်ခွင့်တွေကို
(အမြဲတမ်း)လုယက်ဖို့ကြိုးစားတယ်။အလကားအတင်းပေး ကြိုက်ဈေးခေါ်
လိုက်ပြီးနောက် ၀မ်းနည်းပက်လက်ဖြစ်ကာ ဘာမှ မခံစားရသလို မျက်နှာနေ
မျက်နှာထား တအိအိ ကောင်းကင်ဘုံရောက် မြေပြင်တပ်များကို ရုတ်သိမ်းခဲ့လျင်။
အနှီလူကုန်ကူးစီးပွားရှာသူတို့သည် မိမိတို့၏ လူကုန်ဖောက်သည်နှိင်ငံများအကြား
မိမိတို့၏ ပရိုဖိုင်းကို အခိုင်အခန့်တည်ဆောက်နိုင်ခြင်းအလို့ငှာ လက်နက်ကုန်
သည်များပင် လက်မြှောက်ရလတ္တံ့သော ဥာဏ်ရည်ဥာဏ်သွေးမျိုးစုံဖြင့် ကူးလူး
ရောင်းချလျက်ရှိကြကုန်၏။ထုံးစံအတိုင်း အဲသလို ဆပ်ပြာသည်ယောက်ယက်ခတ်
နေတာကို လင်ပျောက်အနည်ထနေတာကို ပြန်ငြိမ်အောင် မစားရစာသားတစ်ခုခု
ပြုလုပ်ဖို့ ၀ခမန်းအလှည့်အပြောင်းတစ်ခုခုပြုလုပ်ဖို့ ကြိုးစားကြည့်ပေမယ့်
သံတမန်ရေးအရ အထမမြောက်ခဲ့။အများတကာစကားလုံးဝါကျတွေနဲ့ ဖွဲ့စည်း
ထားတာတွေဟာလည်း ခေါင်းဝင်ကိုယ်ဆန့်ကြည့်မှ ရိုက်ပုတ်ချင်(လောက်)အောင်
ညံ့ဖျင်းတဲ့ အရှိတရား တည်ဆောက်ချက်တွေပဲ။သူ့ဘ၀ခြေတစ်ဖက်ပြတ်တော့မှပဲ
ကျွန်တော်လည်း ဘ၀ဒိုင်ယာရီဟောင်းလေးဘာလေး ပြန်ဖတ်ပြီးမှ ပြန်အမှတ်
ဘ၀ရတယ်။ ။

လွန်းဆက်နိုးမြတ်

(ရည်ညွှန်း
မိုးလှိုင်ည-ငါဖျားနေပြီ
လင်းရမ္မာ-အော်-အန်-အန်-အော် (AD-၂၀၁၁) အံ/သြော်၊အံ/သြော်
မောင်ယုပိုင်-X (X=? / X=X) Men
ခင်အောင်အေး-နားလည်ဖို့မခက်ပါ နေ့စဉ်တွေ့နေကျထက်မပိုပါ-ဒွန်ကဲနီ
မိုးဆတ်-ဒိပလီးကွန်ဆန်း ရသစာတမ်း
နေ၀ိုင်ဝိုင်-မှတ်စု-၎
ဇေယျာလင်း-သရဲခြောက်တဲ့ စကြ၀ဠာ
သိုးထိန်း(အန္တိမ)-ချစ်ခြင်း/မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန်)