ခေါင်းဝင်ကိုယ်ဆန့်အရေးအသား
ပိုးလောက်လန်းတစ်ကောင်လို ရှင်သန်နေရပြီး လူ့အဖြစ်သံသရာမှာ
ထုံထိုင်းလည်ပတ်စဉ် ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့ သူလိုငါလိုရောဂါကို
ဘယ်လိုခေတ်လွန်အရေးအသား အတွေးအခေါ်အယူဝါဒတွေနဲ့ အခြေလည်းကျ
အမြစ်လည်းကျတဲ့ ဘယ်ပုံဆေးဝါးတရားအဘိဓမ္မာနဲ့ ကုသရမလဲ။ဒီမိုကရေစီ
ကြွက်လျှောက်မှာ တင်ထားတဲ့ လူ့အခွင့်အရေးကြွက်စာကို အာဏာရှင်တွေ
နေရာရွှေ့သွားတဲ့အခါ(တူနီရှား၊အီဂျစ်၊လစ်ဗျား)နိုင်ငံရေးအလှည့်အပြောင်းများ
ကြွက်ပုလိပ်ရောဂါလို ပေါက်ဖွားလာ။သူတို့ရဲ့ မူးယစ်ဆေးဆန်တဲ့ အာဏာနဲ့
ခွဲစိပ်ဓားလို အေးစက်တဲ့ တည်ဆဲဥပဒေသတွေက ငါတို့ရရှိပိုင်ခွင့်တွေကို
(အမြဲတမ်း)လုယက်ဖို့ကြိုးစားတယ်။အလကားအတင်းပေး ကြိုက်ဈေးခေါ်
လိုက်ပြီးနောက် ၀မ်းနည်းပက်လက်ဖြစ်ကာ ဘာမှ မခံစားရသလို မျက်နှာနေ
မျက်နှာထား တအိအိ ကောင်းကင်ဘုံရောက် မြေပြင်တပ်များကို ရုတ်သိမ်းခဲ့လျင်။
အနှီလူကုန်ကူးစီးပွားရှာသူတို့သည် မိမိတို့၏ လူကုန်ဖောက်သည်နှိင်ငံများအကြား
မိမိတို့၏ ပရိုဖိုင်းကို အခိုင်အခန့်တည်ဆောက်နိုင်ခြင်းအလို့ငှာ လက်နက်ကုန်
သည်များပင် လက်မြှောက်ရလတ္တံ့သော ဥာဏ်ရည်ဥာဏ်သွေးမျိုးစုံဖြင့် ကူးလူး
ရောင်းချလျက်ရှိကြကုန်၏။ထုံးစံအတိုင်း အဲသလို ဆပ်ပြာသည်ယောက်ယက်ခတ်
နေတာကို လင်ပျောက်အနည်ထနေတာကို ပြန်ငြိမ်အောင် မစားရစာသားတစ်ခုခု
ပြုလုပ်ဖို့ ၀ခမန်းအလှည့်အပြောင်းတစ်ခုခုပြုလုပ်ဖို့ ကြိုးစားကြည့်ပေမယ့်
သံတမန်ရေးအရ အထမမြောက်ခဲ့။အများတကာစကားလုံးဝါကျတွေနဲ့ ဖွဲ့စည်း
ထားတာတွေဟာလည်း ခေါင်းဝင်ကိုယ်ဆန့်ကြည့်မှ ရိုက်ပုတ်ချင်(လောက်)အောင်
ညံ့ဖျင်းတဲ့ အရှိတရား တည်ဆောက်ချက်တွေပဲ။သူ့ဘ၀ခြေတစ်ဖက်ပြတ်တော့မှပဲ
ကျွန်တော်လည်း ဘ၀ဒိုင်ယာရီဟောင်းလေးဘာလေး ပြန်ဖတ်ပြီးမှ ပြန်အမှတ်
ဘ၀ရတယ်။ ။
လွန်းဆက်နိုးမြတ်
(ရည်ညွှန်း
မိုးလှိုင်ည-ငါဖျားနေပြီ
လင်းရမ္မာ-အော်-အန်-အန်-အော် (AD-၂၀၁၁) အံ/သြော်၊အံ/သြော်
မောင်ယုပိုင်-X (X=? / X=X) Men
ခင်အောင်အေး-နားလည်ဖို့မခက်ပါ နေ့စဉ်တွေ့နေကျထက်မပိုပါ-ဒွန်ကဲနီ
မိုးဆတ်-ဒိပလီးကွန်ဆန်း ရသစာတမ်း
နေ၀ိုင်ဝိုင်-မှတ်စု-၎
ဇေယျာလင်း-သရဲခြောက်တဲ့ စကြ၀ဠာ
သိုးထိန်း(အန္တိမ)-ချစ်ခြင်း/မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့တို့သည် မရှိကြကုန်)
လင်းရမာ ဒဲ့ လား ဗျာ
နိုး…လင်းရမ္မာလို့ ချက်ချင်း ဒဲ့ ပြောင်းလိုက်ပါညယ်…