အသံကုန်အော်ဆိုရတဲ့ အရုပ်

အသံကုန်အော်ဆိုရတဲ့ အရုပ်

အခုပြောလိုက်တဲ့ အားကစား ချွေးထွက်အောင် မှန်တယ်

ကြံကြီးစည်ရာဗျာ ဘယ်မနက်မှလည်း မခင်းရပါဘူး ဟော လိမ္မော်သီးတွေ လမ်းမပေါ်

အပြားလိုက် လိမ့်ကုန်ကြပြီ တိုက်ကြားထဲက ဆိုင်မှာ စောင့်နေမယ်လို့တော့ ပြောတာပဲ

အရင်နှစ်ခေါက် လဲပြီးသွားတယ် ဒါပါနဲ့ဆို ပြန်လဲပေးပါတော့မလားပဲ သူ့အရေခွံကို

သူ့အရိုးကတော့ ဟိုအကောင်ချီသွားပြီ ပွဲသိမ်းပဲ အုန်းအုန်းကျွက်ကျွက်ဆိုတဲ့ စာလုံးကို ဘယ်လို

နှုတ်သလဲ စာလုံးနှုတ်သတ်ပုံကျမ်းထဲ တဆိတ်လောက် အဲဒီ့ကာလတွေတုန်းက ကျောင်းစာမှာ

အာရုံမရှိဘူး ဓားလွယ်ရှလောက်မှာ ရွရွရွရွသွားနေတဲ့ ပိုးဟပ်ဆီ လှမ်းလှမ်းခုတ်ဖို့ပဲ  ခလောက်

ဆန် အကောက်ကြံတဲ့ကောင်တွေလည်း အဆန်တွေချောင်ကြ ဆံပင်တွေထိပ်တွေပြောင်ကြ

(နိပ်ဟ) (၈)ထပ်တိုက်ဘေး နှစ်ထပ်ပလတ်စတစ်ဘောလုံးလေးကစားစဉ် ဖြတ်လျှောက်နေကျ

နှစ်ဆင့်စတီးလ်ချိုင့်လေးနဲ့ ရုံးသွားသူလေး ခေတ်ကာလကြီးထဲ ရုန်းစမ်း ပင်ဖျားကနေ ပင်စည်

ထိုမှတဆင့် ရေသောက်မြစ်တစ်လျှောက် ဘာသာစကားနဲ့ ကျားကန်ထားလိုထား ရေတွက်မရတဲ့

ဝတ်မှုန်ကူးပျားတွေ ပျားအုံဆီသို့ တ၀ီ၀ီတစီစီတဂြီဂြီ အညောင်းပြေအညာပြေ နှုတ်ခမ်းမွှေးခဏ

ဖြုတ်ထားခိုက် အလစ်သုတ်ခံလိုက်ရတယ် ခင်ဗျားက အုပ်ဆောင်းမှမအုပ်ခဲ့တာ နှုတ်ခမ်းမွှေး

မကြိုက်ရင်တော့ ကြောင်မိုက်ပဲ နည်းနည်းအသက်ပိုကြီးတဲ့ ငနဲကြီးတွေရဲ့ ရုပ်တွေက အဲဒီ့ချိန်

ကတည်းက ဘယ်တစ်ဖက် ညာတစ်ဖက် ခိုးလိုးခုလုတောင်တောင်အီအီ ကျွန်တော်တို့က

လူတန်းစားမခွဲခြားတတ်ပါဘူး သူဌေးသားရယ် ခွဲခြမ်းစိပ်ဖြာရေးသမားတွေ လာကြမည်ဟု

ခိုင်လုံသည့်သတင်းရပ်ကွက်ပြောဆို မိမိတို့နေအိမ်အသီးသီး၌ ထင်းတုံးများ ကြိုတင်စုပုံထား

ကြရန် ဆော်သြ ဤနေရာအရောက် ဖတ်လက်စစာမျက်နှာကြားထဲ ခြေမညှပ်ထားခဲ့လိုက်တယ်

တကောက်ကောက်လိုက်ပြီး ပဲနေတဲ့ကောင်တွေ သီးသလောက် မနှံတဲ့ကောင်တွေ (၈)ထပ်

တိုက်ကြီးခမျာ ယိုင်ရွဲ့နေတဲ့ မျဉ်းဖြောင့်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ နည်းနည်းတော့

အရည်ရွှမ်းမယ် ဆီးချုပ်ဝမ်းချုပ်မခံနဲ့ (၈)ထပ်ကာလကို (၈)နဲ့မြှောက်ပြီးမလွမ်းလိုက်ချင်ဘူး

ဟွန်းမတီးရဇုံထဲ လေပုန်းမြူးရင်တောင် ဆိုင်လင်ဇာတပ်ဆင်သင့်တဲ့ အဆင်အခြင်မဲ့ ပျော်ပါး

လွန်ဝါဒပေါ့ မ၀တုတ်ရဲ့ ရယ်ပုံရယ်နည်းကား မျက်နှာကြောများရှုံ့တွပျက်စီးသိမ့်သိမ့်တုန် အူလှိုက်

သည်းလှိုက်ယောက်ယက်ခတ် နှစ်သန်းပေါင်းများစွာကြာပြီးနောက်မှ အသံမျှင်မျှင်ကလေး

စတင်ထွက်ပြူသတဲ့ အို သနားစရာရယ်စရာ အလွှာပါးပါးကလေးနဲ့အုပ်ထားပေမယ့် မသိသာ

သံမဏိရောင်ဝင်းပြောင်စွာ ဖွဲ့စည်းထားရှိမှု အတုနှင့်အစစ် မီးရှုံ့ရင်လည်း မကျွမ်းလောင်

ရေထဲစိမ်လည်း ပွတက်မလာ ကိုင်ပေါက်တာတောင် ကွဲမသွား ဘယ်လိုမှ ခွဲမရ ယုတ်စွ

အဆုံး တိုက်လှေကားထစ်ထိအောင် တက်ကြည့်ဖူးသလား တခေတ်တစ်ခါက မြန်မာပြည်ရဲ့

အဦးအစပထမအထပ်မြင့်အဆောက်အဦးဖြစ်တဲ့ (၈)ထပ်တိုက်ခေါင်မိုးပေါ်မှာ သူငယ်ချင်းတွေ

စုပြီး မော့ကြ ဂစ်တာတီးကြ သီချင်းဆိုကြ မရဏတရားလေး တဖြူးဖြူးနဲ့ နေလို့ကောင်းသား

ခုတော့လည်း ကူးတို့ဆိပ်မှာ ပေါက်သွားရတဲ့အိတ်ထဲက လဲ့မှို့တွေလို အားလုံးတစစီကွဲပြား

လွင့်စင်ကုန်တော့တာပါပဲ ဒါပါပဲ။        ။

လွန်းဆက်နိုးမြတ်

20.4.12

နေ့လည် ၀၁း၄၅နာရီ

3 comments on “အသံကုန်အော်ဆိုရတဲ့ အရုပ်

  1. ခနွဲ says:

    အသံကုန် အော်ဆိုရတဲ့ အရုပ် ကို ဖတ်သွားတယ်။ နောက်ဆုံးတော့လည်း တစစီကွဲပြား လွင့်စင်သွားမှာပါပဲ။

  2. သိပ်တော့ နားမလည်ပေမယ့် ဖတ်သွားပါတယ်..

  3. a N T I M a says:

    written in 2012!!! poem from future!!! kidding bro.
    ^^ပေါက်သွားရတဲ့အိတ်ထဲက လဲ့မှို့တွေ^^

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s