ဘာရယ်မဟုတ်ပါဘူး…ပရိတ်သတ်အတွက်လို့ပြောရအောင်ကလည်း ပရိသတ်မယ်မယ်ရရမရှိပါဘူး…
ဒီလိုပဲ ၁၀နှစ်ပြည့်ချိန်နဲ့ မိုင်ဖားသားကြီးရဲ့ ငွေယားကလေးအနည်းငယ်ရှိချိန်နဲ့ မိုင်ဖားသားကြီးစိတ်ကောင်းဝင်နေချိန်နဲ့ တိုက်ဆိုင်သွားလို့ ဖြစ်လာတဲ့ စာအုပ်(၂)အုပ်ပါပဲ…
ဝိုင်းဝန်းအမှာစကားပါးတဲ့ ဆရာသစ္စာနီ၊ဇေယျာလင်းနဲ့ (ကျွန်တော့်ကို သနားလို့ထင်ရဲ့) ၀တ္ထုတိုမျက်နှာဖုံး မေတ္တာနဲ့ပြုလုပ်ပေးတဲ့ ကိုရဲမြင့်သူ၊ အတွင်းပန်းချီရေးဆွဲပေးကြတဲ့ ဆရာဧကစာချို၊ဖေစိုးအောင်၊ခေတ်ဖုန်းမိုး၊နောက် အခြားဝိုင်းဝန်းပေးတဲ့ ကိုမိုးဝေး၊ အိပ်မက်အသစ် ၊ စာအုပ်ထွက်ခါနီးပြီလား တဖွဖွမေးတဲ့ ကျွန်တော့်ညီငယ်(ဟန်နီ)မြေမှုန်လွင်တို့ကိုတော့ ကျေးဇူးတင်စရာပါ…နောက်ပြီး စာအုပ်မထွက်မချင်း တညည်းညည်းလုပ်နေတဲ့ ကျွန်တော့်ဒဏ်တွေ လှိမ့်ခံနေရတဲ့ ကျွန်တော့်ဇနီးမခိုင်မာလင်းကိုလည်း (ဟဲဟဲ…မပြောမဖြစ်ပေါ့လေ)ကျေးဇူးတင်ပါတယ်…သတိတရစာအုပ်တွေကို ၂၀၁၁မေလထဲ ထွက်နိုင်အောင် အပူတပြင်းကြိုးစားနေပါတယ်…ထွက်ပြီဆိုရင်လည်း ဘလော့ဂ်မှာ ထပ်မံအသိပေးပါ့မယ်လို့ ပြောပါရစေ…
မထင်ရှော့(ခ်) – အရေးအသားလိုင်းများနှင့် အဖွဲ့အနွဲ့ဝါကျများစုစည်းမှု
အမှာကဗျာစကား – ဇေယျာလင်း
အမှာစာ – လွန်းဆက်နိုးမြတ်
ငါးရိုးပင်လယ် – ခေတ်ပေါ်ဝတ္ထုတိုစုစည်းမှု
အမှာစာ – သစ္စာနီ
မျက်နှာဖုံး – ရဲမြင့်သူ(မေတ္တာဖြင့်ပြုသည်)
အတွင်းပန်းချီ – ဧကစာချို၊ဖေစိုးအောင်၊ခေတ်ဖုန်းမိုး