နတ်ကိုက်ရာ

နတ်ကိုက်ရာ

စစ်တုရင်အရုပ်ကလေးတွေကဲ့သို့ မတ်ရပ်တောင့်ခံလောကဓံပါမည် ခိုင်
မူလီမရှိဘူး မူရင်းပဲရှိတယ် ဘယ်လက်ကို ညာလက်နဲ့ ကိုင်ဖြုတ်ရင်းတန်းလန်း
တုံဏှာဘာဝေဖို့အရေး တုံဏှာဘဝေတယ်။ တစ်ဖက်သားရဲ့ မျက်မှန်ထဲကနေ
နောက်ယောင်ခံလိုက်လာတဲ့ အခြားတစ်ဖက်သားများ။ လက်ကိုင်ပ၀ါနဲ့လုပ်တဲ့ငှက်ပျောသီးသုံးလုံး
မနက်စာအဖြစ် ပြည့်စုံထားတယ်။ ပွတ်သပ်မှုဟာ နားရွက်ကလေးတွေမှမဟုတ်ဘူး မြစ်ကို
အကြေးခွံလှန်ပြီး ဆီပြန်ကြော်စားစဉ် ဆေးဟောင်းပေါ် ဆေးသစ်ထပ်သုတ်တော့ ကျန်ခဲ့တဲ့
သက္ကရာဇ်တွေဖုံးအုပ်ပစ်လိုက်ရသလို။ ချောင်းဟာ အဆက်မပြတ် မကောင်းမှန်းသိသိဆိုးဝါးကြောက်
စရာလား။ ပွင့်ဖတ်နဲ့ရိုးတံကို ထမင်းလုံးကပ်ပေးလိုက်တာ နှင်းဆီပဲ။ သဘာဝကိုတုပပြီး မြက်စိမ်းလေး
ခင်းထားတယ်။ ဗိုက်ကနေ ခဏခဏမော့သောက်လိုက်တာ ပါးစပ်ထဲပြည့်သွားအောင် မျက်လုံးတွေဆီး
သိပ်ရွှင်။သုံးဆောင်ပါ သုံးဆောင်ပါ အားနာမနေပါနဲ့။ ဒါတွေဟာ ကွယ်လွန်သူရဟန်းဒါယိကာကြီးဦးဟ၀ှာရဲ့
မကောင်းမှုဒိုးပြားတွေပါ။ အကုန်တင်ပေးလိုက်ရဲ့သားနဲ့ ပါမသွားတာက ကလေးတစ်ယောက်ယူဆော့နေ
လို့ပဲ (ဖြစ်မှာပါ)၂။ အရောင်းကျွမ်းကျင်မှုအဆင့်(၁)၀န်ထမ်းတစ်ယောက်နဲ့ တွေ့ခွင့်ရတယ်။
ခင်ဗျားနဲ့တော့လိုက်သား ကြုံတုန်းဖယောင်းပုဆိုးတစ်ထည်လောက် ၀ယ်သွားပါလားတဲ့။
ညဖက် တံခါးရွက်ချိတ်တွေလိုက်ဖြုတ်သလို ခရီးဆောင်အိတ်ကို ဇစ်စမ်းဆွဲကြည့်သလို။
ဥတုသုံးလီညီညွတ်/ပစ္စည်းမှန်/ဈေးမှန်/ဆေးခိုင်ကြောင်းအာမခံ/လူမျိုးဘာသာမရွေးမှီဝဲသုံးစွဲနိုင်။
အသားတံဆိပ်ပါတယ်၊ ပါကင်သုံးထပ်ပိတ်ထားတယ်၊ အသိအမှတ်ပြုလိုင်စင်နံပါတ်ရေးတယ်။
ဘယ်လောကမဆို အတုဟာ အတုပီပီ ဘာလုပ်လုပ် အတည်ပေါက်။
မီးခလုတ်ကို နောက်တစ်ကြိမ်ပြန်ဖွင့် မအိပ်နိုင်သေး ကုတင်ပေါ်မှာ ထိုင်လိုက် မထလိုက်။
အမှန်တော့ လမ်းပေါ်က စိတ်တီးနေတဲ့ ဂစ်တာဆီ အဖွဲ့ရောက်နေတာ။
အစ်မရယ် လူကို ပစ်ထားလို့ရတယ်။ ခွေးကိုတော့ပစ်ထားလို့မရဘူး။ ရာသီဥတုကိုလိုက်ပြီး ပြုစုပေးရတယ်။
ပေါင်းနှုတ်ပေးရတယ်။ မြှောက်စားပေးရတယ်။ အင်တီဂရယ်ရတယ်။ ဒစ်ဖရန်ရှယ်ရတယ်။
ဒီကြက်က ဆတ်ဆတ်ထိမခံကြက် ဇွန်းကိုင်ဖို့ ဟန်ပြင်တဲ့ လက်ကို
ဟင်းချိုပန်းကန်ထဲက ဟနေတဲ့မျက်လုံးနဲ့ လှမ်းဆိတ်တယ်။
လက်မောင်းမှာ သတ္တိဆိုတဲ့ ဆေးမှင်ကြွက်နဲ့ အဲဒီ့ကောင် သရဲတစ္ဆေဆို သိပ်ကြောက်တတ်။
သင်ဟာ တစ်ခြမ်းရပ်ပြီး တစ်ခြမ်းသွားနေတဲ့ နာရီ။ စပီကာမှာ အသံကပ်နေသလို ဂျစ်မတိုက်နဲ့။
အခုနေ ပြန်စဉ်းစားကြည့်တော့လည်း သဲ့ယူစစ်ချခဲ့တာတွေ ဟုတ်များနေသလား မနေဘဲ
ဆက်များသွားမှာလား။ ဒီတစ်အုပ်မှာ သူနဲ့ ပိုနီးလာရခြင်းဟာ အဘယ်အကြောင်းတရားများကြောင့်လို့
ထူးထူးကဲကဲထင်မြင်ယူဆ ယိုးယိုးစွပ်ချင်ပါသလဲ။ အိမ်မှာ အိမ်မြှောင်တွေအရမ်းများနေလို့
လျော့သွားအောင် ဘားကျွတ်တိုင်ကို လှည့်ပစ်လိုက်။
ပြန်ဆုံတဲ့အခါတိုင်း ငယ်ငယ်တုန်းကကိစ္စတွေ စကားကြား ထည့်ထည့်သောက်နေတာအကျင့်ပဲ။
ဝါးလုံးခေါင်းထဲ သာတဲ့လဆိုတော့ သူ့ခမျာအထဲမှာ ခါးလေးကွေးနေရရှာမှာပေါ့နော်။
အမြင်ပိုင်းဆိုင်ရာသာ မသဲကွဲရင်ရှိမယ် အသံပိုင်းဆိုင်ရာမှာတော့ တစ်စက်မှမစိုရွှဲဘူး။
ဆိုင်းပါဦး တီးမနေပါနဲ့တော့ လက်ခုပ်သံနားထောင်ရုံနဲ့ လက်စလက်နကို မှန်းဆလို့ ရပြီ။
ချက်/(စ်)/(ထ်)ချင်လို့ ချက်/(စ်)/(ထ်)တာမဟုတ်ဘူး အိုးအသစ်ကို ကြွားချင်လို့။ ဘုရင်မကို
စားချင်လို့။ ဤစီလေးကို ကလီချင်လို့ ။ အဖေကလည်း အဖေပဲ။ သားကလည်း သားပဲ။
ကြားထဲက မြည်းကလည်း မြည်းပဲ။ သြော်…ငွေ..ငွေ..ငွေ။        ။

လွန်းဆက်နိုးမြတ်
နှစ်ဆန်း၂ရက်နေ့
ည၀၀း၀၅နာရီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s