တက်တူး
ကိစ္စပြီးတော့ ဒေစီနဲ့ အခါတိုင်းလိုပဲ စကားပြောဖြစ်ကြတယ် တကယ့်ကို နွေးထွေးချိုမြိန်ထူးကဲတဲ့ အခိုက်အတန့်ကလေးပါပဲ ကိစ္စမပြီးခင်တုန်းက ဒေစီအော်သလို လေသံမျိုးနဲ့ သူလိုက် အော်ပြတော့ အိပ်ယာတစ်ဖက်ကို ဒေစီရှက်ပြီး လှည့်သွားတယ် ဒါပေမယ့်ခဏနေတော့ ဒေစီတဟင်းဟင်းရယ်ရင်း သူ့ခန္ဓာကိုယ်အောက်ပိုင်းကို လာပွတ်ပြန်တယ် ပေါင်တွင်းသားတွေ ပေါ်က ဒေစီ့လက်ချောင်းလေးတွေရဲ့ နူးညံ့မှုကို သူရနေတယ် သူ့မျက်လုံးတွေကို မှိတ်ပြီး ငြိမ်ခံနေလိုက်တယ် အဲဒီ့အချိန်မှာပဲ ပေါင်ပေါ်မှာ စူးခနဲဖြစ်သွားလို့ သူလန့်သွားတယ် မှိတ် ထားတဲ့ မျက်လုံးတွေကို ကမန်းကတန်းဖွင့်ကြည့်တော့ ဒေစီက ဘောပင်တစ်ချောင်းနဲ့ ပေါင်ပေါ်မှာ အရုပ်ဆွဲနေတာ အလစ်မို့ သူခံလိုက်ရတယ် ဘာတွေ လျှောက်ဆွဲနေတာလဲလို့ ဒေစီ့ ကို ခပ်တိုးတိုးလှမ်းမေးလိုက်တယ် တက်တူးဆွဲနေတာ ငြိမ်ငြိမ်နေလို့ ထုံးစံအတိုင်း ဒေစီက ညစ်ကျယ်ကျယ် ပြန်ဖြေတယ် ကိုယ်က တက်တူးဆို အရမ်းမုန်းတာလို့ သူထပ်ပြောလိုက် တယ် ငြိမ်ငြိမ်နေလို့ ပြောနေတယ်နော်လို့ ဒေစီအော်ရင်း ပေါင်ပေါ်မှာ စူးခနဲ နာသွားတယ် ဒေစီတမင်ညစ်နေပြီမှန်းသိတော့ သူဘာမှ ဆက်မပြောဖြစ်တော့ဘူး အဲဒီ့အစား မျက်လုံးတွေ ကိုပဲ နောက်တစ်ခါပြန်မှိတ်လိုက်တယ် နည်းနည်းကြာသွားတော့ ပြီးပြီ ဒေစီဆွဲထားတဲ့ တက်တူး စောက်ရမ်းလန်းတယ်ဆိုပြီး ခပ်ဆာဆာအသံမျိုးလေးနဲ့ ဒေစီလုပ်ပြောတယ် ကိစ္စပြီး တိုင်း ဒေစီဆီ့က အဲဒီလိုအသံမျိုးလေးတွေ မကြာခဏကြားနေကျပဲ သူကြည့်မလို့ မျက်လုံးတွေဖွင့်ပြီး ခါးမတ်ဟန်ပြင်တယ် နေဦး မကြည့်နဲ့ နောက်မှကြည့်လို့ ဒေစီက ဇွတ်ပြောရင်း သူ့ ကို အိပ်ယာပေါ်ပြန်လှဲချတယ် ဒေစီမှားနေပြီ တက်တူးဆိုတာ ဆွဲရတာမဟုတ်ဘူး ထိုးရတာလို့ မကျေနပ်တဲ့လေသံနဲ့ သူပြန်ပြောတုန်းတန်းလန်း အိပ်ယာခင်းပေါ် ပြန်လဲကျသွားတယ် သူ့စကားကို ဒေစီက ဘာမှ စောဒက မတက်ဘူး နောက်မှ ကြည့်လို့ပဲ ထပ်ပြောတယ် ဒါပေမယ့်လို့ နောက်တော့ သူဒီအကြောင်းကို လုံးလုံးမေ့သွားတယ် မေ့သွားတာမှ အိမ်က လေဒီ မာဂရက်ကြီးနဲ့ ကိစ္စဖြစ်ခါနီးလေးမှ ဖျပ်ခနဲ သွားသတိရတော့တာပဲ အိုး နိုး အအေးလှိုင်းဖြတ်သလား ဘာလားမသိ ဒီရက်တွေ သိပ်အေးလွန်းလို့ ရေတောင် သူမချိုးဖြစ်။ ။
လွန်းဆက်နိုးမြတ်
၂၅.၁.၁၂
မနက် ၀၂း၀၀နာရီ
တတ်တူး…