တားမြစ်နယ်မြေ

တားမြစ်နယ်မြေ

 

နာရီတွေ နောက်ပြန်မသွားဘူးဆိုတဲ့ စကားကို ချွတ်ပစ်ထားတာ နည်းနည်းကြာသွားတော့
ဖတ်လက်စ စာမျက်နှာရဲ့အသားအရေတွေ အေးလာတယ် မုန့်ကြိုးလိမ်လို ၀ါယာအနီနဲ့အနက်
နှစ်ပင်လိမ်ထားတုန်းက အရွယ်လောက်တော့ရှိရောပေါ့ ပထွေးမရှိဘူး မိထွေးမရှိဘူး မိရင်း
ဖရင်းတောင် မရှိဘူး ဒါဆို ဗလာ ဗလာ ဗလာပဲလို့ မထင်နဲ့ ဗလာလည်း မရှိဘူး  လိုအပ်တာထက်
ပိုပြီးတော့ တောနက်မည်းထဲ တောင်ကို တရစပ်လှော်ခတ်ပစ်လိုက်တယ် ခွက်ထဲမှာ သောက်စရာများ
ကျန်ဦးမလားလို့ ခါးမတ် လည်ဆန့်ပြီး ဓာတ်စာကို အမျှော်ဆိုက်တယ် မျက်လုံးဒေါက်တွေ ဟောင်းနေ
ပြီ ထောက်ရတာ မခိုင်ချင်တော့ဘူး သေဆုံးနေတဲ့ သတင်းတစ်ပုဒ်ကို သေဆုံးနေတဲ့ စာတစ်စောင်
အဖြစ် ခေါက်ထည့်ပြီး စာအိတ်အခေါင်းထဲ ထည့်သဂြိုလ်လိုက်တယ် မိုးရွာထဲ ထီးအမည်းတွေ
ကိုယ်စီဆောင်းလို့ အသုဘရှုသူတွေ ၀မ်းနည်းနေကြရဲ့ ရယ်စရာပဲ အိမ်သာတက်တာတောင်
ရိုးရိုးနဲ့ ဗိုလ်ထိုင် အထက်အောက်ဖိစီးမှုနဲ့ ကြုံတယ် ဒါပေမယ့် ဘာလာလာ သုံးတုံးလောက်ပါပဲ
တံခါးကြားမှာ ပုံတူကပ်ထားတဲ့ တောက်တဲ့ရုပ်က တောက်တဲ့ တောက်တဲ့နဲ့ အော်တယ် အော်သံ
က လွမ်းစရာကောင်းပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နေတယ် ဟောင်ကောင်မှာ တိုက်ခန်းဈေး
တွေ စောက်ရမ်းခေါင်ခိုက်တာကို ရိုက်ပြထားတဲ့ ဇာတ်ကားထဲက လူနေမှုဟာ ကြောက်စရာပဲ
သစ်ပင်ပေါ် အမြီးရှည်ငှက်ကလေးနားနေတာမှမဟုတ်တာ ကျွတ်ကျွတ်အိတ်စုတ်ကပ်နေတာ
စုပ်ခွက်တွေပါတဲ့ လက်ချောင်းတွေနဲ့ ဖဲချပ်ကို ပွတ်သပ်လည်း အပွင့်ကတော့ တိုးမလာဘူး
စိတ်ကြိုက်အခန်းဖွဲ့ပြီးရင် ၀တုတစ်ပုဒ်ရဲ့ အောက်ခံဖောင်ဒေးရှင်းထဲ ကျောက်လောင်းထည့်လိုက်
မူးလာရင် ဒီအတိုင်းပဲ စရစ်လာပြီ ကျောက်စရစ်ဖျော်လိုက် စကားလုံးယက်မတွေ လော့ဂျစ်ဆင့်တွေ
ဝေါဟာရဒိုင်းတွေ ဗန်းစကားမြားတွေ တိုင်ထူဖို့ ကျွန်းသစ်ဘယ်မလဲလို့ မမေးနဲ့ ကျောက်သင်ပုန်းနဲ့
ကျောက်တံပဲ လိုတယ် မဟာဘုတ်။        ။

လွန်းဆက်နိုးမြတ်

6 comments on “တားမြစ်နယ်မြေ

  1. thawzinohn says:

    နည်းနည်းပေါ့နေသလို
    ငန်ပြာရေနည်းနည်းပေးပါ

  2. ငန်ပြာရေလိုချင်ရင် ကဗျာမဖတ်နဲ့ဗျာ

  3. zinmin says:

    မင်းရေးတာကဗျာမဟုတ်ဘူး …. မြောင်းပုပ်ထဲက ဖားအော်သံအတိုင်းပဲ .. ဒါပေမယ့် တစ်ခုထူးခြားတယ် … စီးချက်ညီတယ်ကွ… ဆက်ကြိုးစား
    မင်း သူများထက်စနစ်တကျပျက်စီးနိုင်တယ်
    ကြိုးကြိုးစားစား ဆက်လက်ဖျက်ဆီးပါ ….

    • ကိုယ့်ဆရာ ရှော့ခ်ရသွားတယ်နဲ့တူတယ်…ကိုယ်ကလည်း ဒါပဲ ပေးချင်တာပဲ…ကိုယ့်လို မြောင်းပုပ်ထဲက အလားတူဖားတွေအတွက် အော်သံပေါ့…တစ်နည်းအားဖြင့် အလုံးစုံပျက်စီးရေးဆီကိုပေါ့…ဘယ်လိုပျက်စီးရေးလဲဆိုတော့ ကိုယ့်ဆရာလို လူတွေ လက်ခံထားတဲ့ ကဗျာဟုတ်ခြင်း/ ကဗျာမဟုတ်ခြင်းတွေရဲ့ ပျက်စီးရေးဆီကိုပေါ့…ကြိုးစားတယ်ဆိုတာထက် ကိုယ်က ဒါလေးပဲ လုပ်စရာရှိတော့ ဒါလေးပဲ လုပ်နေတာပါ…တခြားလည်း ကိုယ်က ဘာမှ မလုပ်တတ်ပါဘူး…ကိုယ့်ဆရာလို အထက်စီးနင်း အသားလွတ် ဆရာကျနိုင်ဖို့တော့ ကိုယ်တော်တော်လိုဦးမယ်ထင်တယ်…ဖားအော်သံမကြားချင်ရင် ကိုယ့်ဘလော့ခ်ကို ၀င်မဖတ်ပါနဲ့လား…ကိုယ့်ဆရာအပေါ် ကိုယ်ရိုင်းမိမှာ စိုးလို့ပါ…ဒါလေးပဲ ကိုယ်ပြောခဲ့ပါမယ်။

      • ကိုlunnsetnoemyat နဲ့လဲ ကျနော်မခင်ပါဘူး။
        ကိုzinmin ဆိုတဲ့လူကိုလဲ မသိပါဘူး။
        ဒါပေမဲ့ ကျနော် ဒီကဗျာကို ကြိုက်ပါတယ်၊
        နောက်တစ်ခုက ကိုzinmin ရဲ့ကဗျာပေါ်ဝေဖန်မှုနဲ့
        ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟာ အရမ်းကိုကလေးဆန်မိုက်ရူးရဲဆန်နေတယ်လို့ ထင်ပါတယ်၊
        ကဗျာနဲ့ပက်သက်ပြီး တစ်ခုခုကို နားလည်ထားပြီး ဒါဟာကဗျာမဟုတ်ပါဘူးလို့ အသေအလဲ ငြင်းပယ်နေတယ်လို့ပဲ ကျနော်ထင်ပါတယ်၊ ဘာကြောင့် ကဗျာနဲ့ ပက်သက်ပြီး တစ်စုံတစ်ခုကို နားလည်ထားတယ်လို့ ပြောတာလဲ ဆိုတော့ ။
        ကိုzinmin သာ ဘာတစ်ခုမှနီးပါး နကန်းတစ်လုံးမှ မသိပဲ နားမလည်ဘူးဆိုရင် နံပါတ် 1 အချက်အရ ဒီဘလော့ကို ကလစ်နှိပ်စရာ မလိုဘူးလို့ ထင်ပါတယ်၊
        နောက်တစ်ခုက မတော်တစမှားယွင်းပြီး နှိပ်မိရင်တောင် ကဗျာဆိုဒ်မှန်းသိလို့ ပြန်လည်ဖျက်ပစ်သင့်ပါတယ်၊ခုက နှိပ်လဲ နှိပ်မိတယ် ကဗျာမှန်းသိသိကြီးနဲ့လဲ ဖတ်တယ် ပြီးတော့ ကဗျာဖတ်ပြီးကဗျာကိုကဗျာမဟုတ်ပါဘူးလို့ ဝေဖန်တယ်ဆိုတာ ဒါဟာ ပုဂ္ဂိုလ်စော်ကားမှု တစ်ခုလို့ပဲ ယူဆပါတယ်၊ ကျနော် ကိုlunnsetnoemyat ရဲ့စာတွေအားလုံးကို မကြိုက်ပါဘူး။
        ဒါပေမဲ့ တစ်ချို့ကဗျာတွေ တစ်ချို့ဝတ္တုတွေကို ကြိုက်ပါတယ် အဲ့ဒီအတွက် ဖတ်ပါတယ်၊ ဝေဖန်ဖို့အခွင့်ကြုံရင်ဝေဖန်ဖို့လဲ အသင့်ရှိပါတယ်၊ ဒါပေမယ့် အဲ့ဒီ ဝေဖန်မှုဟာ မတရားသက်သက် အပေအတေဆန်စွာ ဝေဖန်မည်မဟုတ်ပါ၊ အဆိုပါကိစ္စနဲ့ ပက်သက်ပြီး ကိုzinmin ဟာဘာကြောင့် ခုလိုမျိုး ပြောဆိုတယ်ဆိုတာကို ကျနောမသိချင်ပါဘူး။ ကျနော်ပြောချင်တာ တစ်ခုကတော့ နောင်အခါ ခုလိုမျိုး ကလေးမဆန်သင့်ဘူးလို့ ထင်ပါတယ်၊ သုံးနှူန်းထားတဲ့ စကားအသုံးအနှူန်းအရ ကိုzinmin ရဲ့ အသက်အရွယ်ဟာ 20 နဲ့ 30 ကြားမှာ ရှိနေတယ်ဆိုတာ သေချာပါတယ် အဲ့ဒီထက်မကလဲ မကချင်ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် ကလေးထပ်ဆန်ချင်လဲ ဖြစ်ပါတယ်၊ ဒါပေမဲ့ တစ်ခု သတိထားရမှာက ကိုzinmin အတွက် ရရှိလာမယ့် သက်ရောက်မှုတွေဟာ တော်တော်ကြီး ဆိုးဝါးနိုင်ပါတယ်၊ ကျနော် ဇာတိပါ၊

        မှတ်ချက် = ယခုကိစ္စအားကိုzinmin မှ ပုဂ္ဂိုလ်ရေးစော်ကားမှု တစ်ခုဟု မယူဆစေချင်လိုပါ။း)

  4. thawzinohn says:

    ကဗျာမဖတ်ပဲမနေနိုင်တော့ ငန်ပြာရေမတောင်းတော့ပါဘူး
    ဟဲဟဲ
    ဆားနည်းနည်းလောက်
    မရှိဘူး ဒါဆိုဗလာ ဗလာ ဗလာပဲလို့ မထင်နဲ့ဗလာလည်းမရှိဘူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s