သတင်းအကျယ်
ရုတ်တရက်ကြီး သင်ဖတ်ရှုနေတဲ့ မော်နီတာစခရမ်ရဲ့ စူးရှရှအလောင်း(ကောင်)
အစာပြေ ခူးဆွတ်စားသုံးလိုက်ဖို့ မ၀ံ့မရဲဖြစ်နေသေးတဲ့ အပျိုစင်ဖြစ်မှု/စစ်မှု ဒွိဟ
ပန်းသီးအူတိုင်ဘေးတစ်ဝိုက်ကနေ ၀က်အူရစ်ဆင်းသွားရာ ကြောင်လိမ်လှေကား
အစွဲကြီး ဆွဲမိပြီ။ ချွဲမိပြီ။ ပြဲမိပြီ။ လွဲမိပြီ။ ခွဲမိပြီ။ ကျွဲမိပြီ( ကျွဲခိုးဂိုဏ်း+ဘာသာစကား)
စစ်ပွဲတစ်ပွဲအတွင်းကနေ အော်ဟစ်ဆူညံနေကြစွာပြီး၎င်းတို့ ကိုယ်တိုင်ရဲ့
၏ခြင်း မ၏ခြင်း ဟိုတုန်းက အဓိပ္ပါယ်ကြီးတလှုပ်လှုပ် တတုံတုံ တ တုံ တုံ
ဒီအချိတ်အဆက် စာသားကိုယ်ထည်ပေါ်ကနေ ငါတို့ ရွေ့ကြမယ် ၍ကြမယ်။
ခုန်ကူးလိုက်တယ်။ ထုံကူးတယ်။
ဘ၀အဆက်ဆက် ဆုပန်ရွယ်။
ရေကသိုဏ်း၊ မိးကသိုဏ်း။ နေကသိုဏ်း။
မြေကသိုဏ်း။ လေကသိုဏ်း။ ကဗျာကသိုဏ်း။
ကဲ…သင်။ ပုံစံခွက်တွေထဲမှာ ပုံစံတကျရှင်သန်နေရရှာတဲ့ သင်။
ရှင် သန် နေတယ်( မထင်ရှော့ခ်)။ ရှင် ဘာတွေ သန်နေသလဲ။
ရှင် ဘယ်လောက် သန်သလဲ။ ရှင် ဘယ်ထိ သန်အုံးမလဲ။
ရှင် သန်သလောက် စွမ်းရောစွမ်းလား။ ရှင့်ရဲ့ သန်စွမ်းမှုကို ဘာနဲ့
ဘယ်အရာနဲ့ တိုင်းတာပြရမှာလဲ။ ကုတင်နဲ့လား။ ခြင်ထောင်နဲ့လား။
ဖက်ခေါင်းအုန်းနဲ့လား။ စောင်နဲ့လား။ ညနဲ့လား။ ကျွန်မနဲ့လား။ အို…။
ငါ့ရင်ဘတ်ကြီးနဲ့ နောက်ကနေ တစ်ချိန်လုံး လုံးထွေးပြီး အတီးခံနေရ၊ ငါ့နောက်ခံတီးလုံး။ ခွန်အားဖြည့်ပူစီပုံလေးတွေလည်း ကြည်လင်လိုက်ပါဘိသနဲ့။ ဘယ်အချိန်မဆို ၀င်ထွက်သွားလာတဲ့ သိမှုအစုအဝေးငယ်လေးတွေကို ဆုပ်ဆုပ်ကိုင်ကိုင်ဖမ်း ဆုပ်မိနိုင်အောင် အရေးအသားရဲ့ ထောင့်တိုင်းထောင့်တိုင်းမှာ ကင်မရာတွေတပ်ထားတယ်။ အဆုပ်လိုက်အခိုင်လိုက် ကဗျာ တစ်ပုဒ်ရဲ့ PARANORMAL ACTIVITY။ ငါ့အသိ ဥာဏ်အရေပြားတစ်ခုလုံးကို ဇစ်ဆွဲဖွင့် ချွတ်ပုံချလိုက်ပြီး သူ့အသိဥာဏ် အရေပြားတစ်ခုလုံးကို ကြယ်သီးတပ် စွပ်ဝတ်ချလိုက်တာတောင် ငါဟာ သူနဲ့ ချွတ်စွပ်တူလိမ့်မယ် မထင်ဘူးမြင်လား။ အထင် အမြင်တွေနဲ့ တစ်ဖက်သတ် ကျွတ်ကျဲနေတာ သဘာဝမကျဘူး။ ကျွတ်ဆင်ကြီးပဲ။ ဆင်လောက်ကြီးတဲ့ ကျွတ်ကြီးပဲ။ အလျား လိုက် ကူးခတ်လာရင်း လှိုင်းတွန့်သဏ္ဍန် တွန့်ခေါက်လူးလွန့်နေသည်။ ကြံစုပ်နေသည်။ တယ်လီဖုန်းလာနေသည်။ ဆံ မြိတ်ပြေနေသည်။ ကျောပြင်ပေါ်က တက်တူးပေါ်မှာ လက်သည်းရာတွေ။ စွယ်တော်ရွက်ကလေးတစ်ရွက်က လေထုထဲမှာ စက္ကန့်တန်လို တရွေ့ရွေ့။ တ၍၍။ ဘယ်တော့မဆို။ ဘာနဲ့မဆို။ ဘယ်ချိန်မဆို။ ဘာကြောင့်မဆို။ အစရှိသဖြင့် …အဆုံးလည်း ရှိသတတ်ဟူလို။ ။
လွန်းဆက်နိုးမြတ်
၂၈.၃.၁၂
နေ့လည်၁၁း၃၂နာရီ
။အို……………………………………..
အနုပညာကို တစိုက်မတ်မတ်လုပ်ခဲ့လို့ ရတဲ့ အကျိုးက ဘာလဲ။ ကဗျာဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါသလား။ ကဗျာစာအုပ်တစ်အုပ်ရဲ့ဈေးက နိုင်ငံရေးစာအုပ်ဈေးနဲ့ အတူတူပဲ။ ဒါပေမယ့် ကဗျာဆရာတစ်ယောက်ရဲ့ တန်ဖိုးဟာ မျှော်လင့်ထားတာထက် နည်းနေဆဲပဲ။ ကဗျာသမားတွေဟာ ကဗျာကိုရေးရင်း ဘာသာဗေဒအဆောက်အဦးထဲကို ဝင်ဖို့ကြိုးစားတယ်။ ဘာသာဗေဒကို ဦးဆုံးမြည်းခွင့်ရတာ ကဗျာဆရာပဲ။ “linguistic” ဆီက လူသားနဲ့ ဘာသာစကား ထိပ်တိုက်ဖြစ်မှုကို လူတွေ သတိထားလာတယ်။ အတွေးအခေါ်ရှုထောင့်ဟာ သင်္ချာအခြေခံကနေ ဘာသာစကားနဲ့ ဘာသာဗေဒ ဘက်ကိုရွေ့သွားတယ်။ ဒါရီရာ၊ ဖူကိုး၊ ခရုမ်းစကီး တို့ဟာ သင်္ချာပညာရှင်တွေ မဟုတ်ဘူး။ ဒါပေမယ့် သူတို့အတွေးအခေါ်တွေဟာ ရှေ့ရောက်လာတယ်။ ကမ္ဘာ့ဘာသာစကား၊ ကမ္ဘာ့သဒ္ဒါ (Universal Language and Grammar) စကားလုံးတွေ ပေါ်လာတယ်။ ခင်ဗျားဟာ တစ်နေ့နေလို့ သင်္ချာတစ်ပုဒ်ကို မတွက်ဘဲ နေလို့ရတယ်။ စကားမပြောဘဲ၊ စာမရေးဘဲ၊ အမိန့်မပေးဘဲ နေလို့မရဘူး။ ဘဒ္ဒကမ္ဘာရဲ့ ဖြစ်ပျက်မှုတွေရဲ့ အစဟာ ဘာသာစကားပဲ။ လူတွေဟာ ဘာသာစကားနဲ့စဉ်းစားတယ်။ လှုံ့ဆော်တယ်၊ စည်းရုံးတယ်၊ မှတ်တမ်းတွေ ရေးတယ်၊ အတွေးအခေါ်တွေကို တည်ဆောက်တယ်။ ဘာသာစကားနဲ့ ကြော်ငြာတယ်။ လူသားတွေဟာ မထင်မှတ်ဘဲ ဘာသာစကားရဲ့ ခိုင်းစေမှုကို ခံလိုက်ရတယ်။
စကားပြေရေးဟန်နဲ့ကဗျာတွေအတော်များများရေးလာကြတော့ရေးတဲ့လူတွေအတွက်
အချက်အလက်ရေးလို့ရငြားဝိုင်းရှာပေးတဲ့သဘောပါပဲ။တစ်ချို့ကဒီိလိုရှည်လျားတဲ့စကားပြေရေးဟန်ဟာအယ်ပီရဲ့ဟန်လို့ထင်ကောင်းထင်နိုင်တယ်။အဲဒီလိုဆိုရင်တော့ငြင်းစရာမရှိပါဘူး။အယ်ပီဆရာကြီးတွေဖြစ်တဲ့ဂွန်ဆီလီမန်တို့ဆူဆန်ဟိုးတို့၊ချားလ်ဘန်စတိုင်းတို့တွေဟာသူတို့ကဗျာ
တွေအတော်များများကိုဒီလိုစကားပြေရေးဟန်တွေနဲ့ရေးပါတယ်။ဒါပေမယ့်စကားပြေရေးဟန်ဟာ
အယ်ပီရဲ့ဂုဏ်သိက္ခာတစ်ရပ်တော့မဟုတ်ဘူး။ProsePoetryဟာလွန်ခဲ့တဲ့နှစ်ပေါင်းအ
တော်ကြာကြာကတည်းကရှိနှင့်နေတဲ့အရေးအသားဖြစ်ကြောင်းရှေ့မှာရေးပြီးခဲ့ပြီးဖြစ်ပြီ။
ဒါ့ကြောင့်စကားပြေအားလုံးဟာအယ်ပီရေးသူများမဟုတ်ဘူး။ဒါပေမယ့်အယ်ပီသမားအတော်
များများကိုတော့စကားပြေကဗျာရေးသူအမျိုးအစားထဲမှာထည့်လို့ရတယ်။ဒါ့ကြောင့်အဘိဓါန်ရဲ့
ProsePoetryWriters.စာရင်းထဲမှာအယ်ပီသမားအတော်များများပါတယ်။ဆီလီမန(Ron Silliman) ရဲ့ပန်းဒေသနာ(Flower Sermon)ကိုကြည့်ရင်စကားပြေကဗျာမဟုတ်ပြန်ဘူး
Reply