(၁)
မြို့ကလေး၏ လမ်းများသည် မပြေပြစ်ကြပါ။ ကုန်းတက်ကုန်းဆင်းများလွန်းခြင်းသည် မြို့ကလေး၏ ထင်ရှားသော ၀ိသေသ တစ်ခုဖြစ်ပါသည်။ ဟိုအရင်ခေတ်တွေတုန်းက ရေနံတွေ အလျှံပယ်အောင် ထွက်ခဲ့ဖူးသော မြို့ကလေးသည် အမြဲလိုပင် ပူပြင်း ပြီး ခြောက်သွေ့နေတတ်၏။ ထို့အပြင် မြို့ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာလည်း အခြားမြို့များနှင့် နှိုင်းယှဉ်လျှင် သိသာ စွာ နှေးကွေးအထီးကျန် နေသေးသည်။ ကျွန်တော်က စက်ဘီးကလေးကို မြို့ကလေး၏ ဗဟိုလမ်းမကြီး ကုန်းတက်အတိုင်း အသာတွန်းလာခဲ့သည်။ ကျွန်တော့် ဦးခေါင်းထက်တွင်တော့ လျှာထိုးဦးထုပ်လေးတစ်လုံးဆောင်းထားခဲ့ပါသည်။ ဤသည်မှာ ပူပြင်းခြောက်သွေ့ အထီးကျန်သော မြို့ကလေးတွင် ကျွန်တော် မည်ကဲ့သို့ ပျော်ရွှင်ပေါ့ပါး စွာ နေထိုင်ခဲ့သလဲဆိုသည် ကို ပြန်ပြောပြရန် အစပြုလိုက်ခြင်းပင် ဖြစ်ပါ၏။
ကျွန်တော့်ဘေး လမ်းမကြီးပေါ်ကနေ မြင်းလှည်းတစ်စင်း ဖြတ်သန်းကျော်တက်သွားသည်။ မြင်းခွာသံတွေက ကတ္တရာလမ်း မနှင့် ထိရိုက်ပြီး စည်းချက်မှန်မှန်ထွက်ပေါ်နေသည်။ ကျွန်တော်မြင်းပိန်ပိန်လေးတွေကို ချစ်သည်။ ကြည့်ကောင်းလွန်းေ သာ မြင်း၀၀ဖြိုးဖြိုးတွေ ကိုလည်း ချစ်ပါသည်။ မြင်းခွာသံရိုက်သော ဦးလေးကြီးကို ကျွန်တော်သိသည်။ ခင်တော့ မခင်။ ညစ်ထေးထေး စစ်အကျီ်လက်ရှည် အဟောင်းကြီးကို ထာဝစဉ်ဝတ်ဆင်ထားတတ်သော ဦးလေးကြီး၏ ရုပ်သွင်ကို ကျွန်တော်ေ ကြာက်သည်။ အရုပ်ဆိုးသော ဦးလေးကြီး၏ မျက်နှာပေါ်တွင် မုတ်ဆိတ်မွှေးနှင့် နှုတ်ခမ်းမွှေးထူထူတွေလည်း ရှိ၏။ အဲဒီ့မုတ် ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေ မရှိလည်း ဦးလေးကြီးကို ကျွန်တော်ကြောက်တာပါပဲ။ တစ်ခါတစ်ရံ ဦးလေးကြီးအနားမှ နီးကပ် စွာ ဖြတ်သန်းမိသောအခါတွင် ဦးလေးကြီးဆီမှ ချဉ်စူးစူးအနံ့ကို ကျွန်တော်ရွံပါသည်။ ကျွန်တော်သူငယ်ချင်းတချို့က ထိုအနံ့ကို အရက်နံ့ဟုပြောကြ၏။
ကျောင်းသွားကျောင်းပြန်ချိန်တွေတိုင်း ကျွန်တော်သည် ဦးလေးကြီးအလုပ်လုပ်ရာ ဗာဒံပင်ရိပ်အောက်မှ မြင်းလှည်းပြင်ဆိုင် ကို ဖြတ်သန်းသွားရတတ်သည်။ မြင်းလှည်းပြင်ဆိုင်နှင့် မလှမ်းမကမ်းတွင် မြင်းလှည်းဂိတ်လည်း ရှိသည်။ ကျောင်းသွားလျှင် စက်ဘီးယူခွင့် မရသော ကျွန်တော့်လှမ်းလက်စခြေလှမ်းတို့သည် ဦးလေးကြီး၏ မြင်းလှည်းပြင်ဆိုင်နားရောက် တိုင်း သိသိသာ သာတုန့်ဆိုင်းသွားမြဲဖြစ်သည်။ ဦးလေးကြီး မြင်းခွာရွေးနေပုံ၊ မြင်းခွာသံရိုက်နေပုံ၊ မြင်းလှည်း၏ အခြားအစိတ်အပိုင်းတစ် ခုခုကို ပြင်ဆင်နေပုံများကို ကျွန်တော်က ရှည်ကြာစွာ ငေးမောတတ်ပါသည်။ ဆိုင်မြေပြင်ရှိ သစ်သားငုတ်တွင် ကြိုးချည်ထားေ သာ မြင်းများ၏ ဘေးဘက်မှ နီးနီးကပ်ကပ်ဖြတ်သန်းသွားရသည်မှာ ကျွန်တော်အတွက် အရသာတစ်မျိုးဖြစ်နေပါ၏။ မြင်းများ၏ ခနာကိုယ်မှ ထွက်သောအနံ့၊ မြင်းချေးနံ့နှင့် မြင်းစာနံ့များရှုရှိုက်ရမိပြီဆိုလျှင် ဦးလေးကြီး၏ မြင်းလှည်းပြင်ဆိုင်နားရောက်ခါနီး မှန်း ကျွန်တော်သိပါသည်။ ယခုပင် ရှေ့နားလောက်ဆိုလျှင် ဦးလေးကြီး၏ မြင်းလှည်းပြင် ဆိုင်ကို ရောက်တော့မည်။ ကုန်း တက်ပြေသော လမ်းမကြီး၏ ဆင်ခြေလျှောအပိုင်းတစ်ခုမှ စတင်ကာ ကျွန်တော်သည် စက်ဘီးလေးကို နင်း လိုက်ပါ၏။ စက်ဘီး ကို လမ်းမကြီးအတိုင်းနင်းတက်ရသဖြင့် လမ်းမကြီးတစ်ဖက်ရှိ ဦးလေးကြီး၏ မြင်းလှည်းပြင်ဆိုင်ကို ထိုနေ့အဖို့ ကျွန်တော် ရှည်ကြာစွာငေးမောခွင့် မရနိုင်တော့ပါ။
(၂)
အဝေးတောင်ကုန်းများပေါ်တွင် စည်းချက်မှန်စွာ လည်ပတ်နေသည့် ရေနံတူးယန္တယားလက်တံညိုမည်းမည်းကြီးများကိုလည်း ကျွန်တော် သဘောကျတတ်ပါသည်။ သို့သော် ထိုရေနံတူးယန္တယားလက်တံညိုမည်းမည်းကြီးများကို မြို့ကလေး၏ အစွန်အ ဖျားရောက်အောင်ထိ စက်ဘီးနင်းသွားမှသာ မြင်ရနိုင်ပါသည်။ အဝေးမှပင် မြင်ခွင့်ရခြင်းဖြစ်ပြီး ထိုရေနံတူးယန္တယားကြီးအနား သို့ တာဝန်ရှိသူများမှအပ မည်သူမျှ နီးကပ်စွာ ကြည့်ရှုခွင့်ပြုမထားပါ။ ထို့အပြင် မြို့ကလေး၏ အစွန်အဖျားသို့ စက်ဘီးနင်းသွား ရန်မှာလည်း ကျွန်တော့်လို ကောင်ငယ် လေးတစ်ယောက်အတွက် မဖြစ်နိုင်အောင် ဝေးလံလွန်းလှပါ၏။
တစ်ခုသော သင်္ကြန်ကာလတွင်တော့ ကျွန်တော်သည် သူငယ်ချင်းတစ်စုနှင့် ခြေလျင်လိုက်ပါကာ မြို့ကလေး၏ အစွန်သို့ ရောက် ရှိခဲ့ဖူးသည်။ ဘယ်လိုကြောင့် သည်လောက် ကျွန်တော်လမ်းလျှောက်နိုင်ခဲ့သလဲ မသိပါ။ မြို့ကလေး၏ အစွန်ကို မြို့ပတ်လမ်းအ တိုင်း ကျွန်တော်တို့ ရောက်ရှိလာခဲ့ကြစဉ်က ဖြစ်သည်။ ကျွန်တော်တို့တစ်ဖွဲ့လုံး၏ ခနာကိုယ်များ သည် ရေများ ရွှဲစိုနေပြီး ရေဗူး ထည့်ထားသော ကျောပိုးအိတ်ကိုယ်စီလွယ်ပိုးကာ ကျွန်တော်တို့ လက်ထဲတွင်လည်း ရေပြွတ်အသီးသီးကို ကိုင်ဆောင်ထား လျက်ရှိပါသည်။ အဝေးတောင်ကုန်းတစ်ခုပေါ်မှာ လည်ပတ်နေသော ထိုရေနံတူးယန္တယားကြီးကို ကျွန်တော်တို့ထဲမှ တစ်ေ ယာက်က မြင်သွားပြီး ၀မ်းသာအားရလက်ညှိုးထိုးပြကာ အဲသည့် နေရာကို သွားလို့ရရင်ကောင်းမည်ဟု စကားစ၏။
“ဟင့်အင်း သွားရင် ငါတို့ကို သေနတ်နဲ့ ပစ်သတ်လိမ့်မယ်”
ရေပြွတ်သေနတ်ကိုင်ဆောင်ထားသော သူငယ်ချင်းတစ်ယောက်၏ စကားသည် ကျွန်တော်တို့အားလုံးကို ကြောက်ရွံ့သွားစေ သည်။
“အေး ဟုတ်တယ် အဲဒီ့မှာ သံဆူးကြိုးနဲ့ ခြံစည်းရိုးကာထားတယ်…ခြံစည်းရိုးပေါ်မှာ
အဲဒီ့နေရာကို ဖြတ်သန်းသွားလာရင် သေနတ်နဲ့ ပစ်မယ်လို့ ဆိုင်းဘုတ်ရေးပြီးချိတ်ထားတယ် ”
စတီးလ်ရေပြွတ်ကိုင်ထားသော သူငယ်ချင်းတစ်ယောက်၏ စကားအဆုံးမှာတော့ စောစောက ကျွန်တော်တို့၏ ကြောက်ရွံ့ စိတ် နေရာတွင် မသိနားမလည်မှုက အစားထိုးသွားပါသည်။ ထိုစဉ်က ကျွန်တော်တို့ ကောင်းစွာနားမလည်နိုင်သော ကိစ္စများ သည် များပြားလှ၏။ နောက်ပိုင်းတွင် ကျွန်တော်တို့သည် ထိုရေနံတူးယန္တယားကြီးများအကြောင်းကို ဆက်မပြောဖြစ်ကြတော့ပါ။ အကြောင်းကြီးငယ်ရှိ၍ မြို့ပြင် ဖက်ရောက်သောအခါတိုင်း အဝေးတောင်ကုန်းများပေါ်တွင် လှမ်းမြင်နေရသည့် ရေနံတူး ယန္တယားကြီးများ၏ လက်တံညိုမည်းမည်းကြီးများကို သဘောကျစွာ ငေးမောရင်း အဲသည်နေရာကို သွားလျှင် တကယ် ပဲ သေနတ်နှင့် ပစ်မည်လားဟု ကလေးပီပီ သိချင်မိခဲ့ဖူးပါ၏။ သို့သော် ဤကိစ္စသည် ကစားစရာ မဟုတ်မှန်းလည်း ကျွန်တော်တို့ သဘောပေါက်တတ်ခဲ့ပါသည်။
(၃)
မြို့ကလေး၏ တောင်ဘက်ခြမ်းတွင် လွန်စွာမြင့်မားလွန်းသော ချောက်ကမ်းပါးပြတ်များတည်ရှိပါသည်။ ညနေခင်းတချို့တွင် ကျွန်တော်သည် အိမ်နီးချင်းသူငယ်ချင်းသုံးေ လးယောက်နှင့်အတူ ချောက်ကမ်းပါးများတည်ရှိရာသို့ စက်ဘီးကိုယ်စီနင်း ပြီး ရောက်ရှိသွားတတ်သည်။ အနီးဆုံးချောက်ကမ်းပါးဟု ခေါ်ဆိုနိုင်မည့် နေရာကို ရောက်ရှိရန်မှာ ကျွန်တော်တို့အတွက် သိပ်မ ခက်ခဲပါ။ အဘယ်ကြောင့်ဆိုသော် မြို့ကလေး၏ ညီညာသော မြေသားနှင့်ဆက်စပ်နေသည့် ၄င်းသည် အစွန်တစ်နေရာရောက် သည်တွင်မှ အောက်ဖက်သို့ ပေပေါင်းများစွာ နက်ရှိုင်းသော ချောက်ကမ်းပါးပြတ်တစ်ခုအသွင် မတ်စောက်နိမ့်ဆင်းသွားခြင်းေ ကြာင့်ဖြစ်သည်။
ချောက်ကမ်းပါးထိပ်တွင် လေသည် အမြဲတမ်း အားနှင့်အင်နှင့် တိုက်ခတ်နေပါသည်။ ကျွန်တော်တို့သည် ထိုချောက်ကမ်းပါးပေါ် တွင် စက်ဘီးများကို ထောင်လျက်တစ်မျိုး လှဲလျက်တစ်မျိုး အဆင်ပြေသလို ထားလိုက်ကြ၏။ ကျွန်တော်တို့ကိုယ်တိုင်က မူ ချောက်ကမ်းပါး၏ အစွန်ဆုံး ရောက်နိုင်သမျှရောက်အောင်သွားကာ ထိုင်တတ်ကြသည်။ လေက ကျွန်တော်တို့အ၀တ်အစား များနှင့် ဆံပင်များပေါ်ကို တချိန်လုံး တဟူးဟူးတိုးဝင်နေပါသည်။ ကျွန်တော်တို့၏ ဦးခေါင်များထက်တွင် တိမ်စိုင်ဖြူတွေ လွင့်ပါးနေကြလျက် ကောင်းကင်၏ အရောင်သည် ပြာလွင်လင်းကျင်းနေလေ၏။ ချောက်ကမ်းပါးပြတ်များပေါ်မှ ဟိုးအောက် ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် စိမ်းမြနေသော ကိုင်းစိုက်ခင်း စိမ်းစိမ်းများကို တွေ့ရသည်။ ငရုတ်၊ကြက်သွန်၊ပြောင်းဖူး စသော သီးနှံများကို စိုက်ပျိုးထားသည့် ကိုင်းစိုက်ခင်းများဖြစ်ပါ၏။ ကိုင်းစိုက်ခင်းမရှိ သော နေရာများတွင်တော့ သောင်ပြင်ဝါ၀ါ များက တပြန့်တပြူး ရှိနေကာ အဝေးတွင် ရွှေအိုရောင်လက်လက်ထနေသည့် ဧရာဝတီမြစ်ရေအစပ်ကို လှမ်းမြင်နိုင်သေး သည်။ မြင်ကွင်းက တစ်ပိုင်းတစ်စသာဖြစ်သော်လည်း ဧရာဝတီ၏ ခမ်းနားမှုကို ဖုံးကွယ်ရန်တော့ မလုံလောက်ပါ။
အောက်ဖက်ခပ်လှမ်းလှမ်းနေရာများတွင် အခြားချောက်ကမ်းပါးပြတ်များကိုလည်း ကျွန်တော်တို့ တွေ့နေရသည်။ ထနောင်းပင် ၊ကန္တာရပင်အနည်းငယ်ကိုလည်း အောက်ဖက်တွင် လှမ်းမြင်ရ၏။ တစ်ချို့သော ထနောင်းပင်၊ ကန္တာရပင်များမှာ ချောက်ကမ်း ပါးပြတ်နံရံ မြေသားကို တွယ်ကပ်ပေါက်ရောက်နေကြသည်။ စင်စစ်တွင်မူ ကျွန်တော်တို့ ထိုင်ေ နသော ချောက်ကမ်းပါးအပါ အ၀င် လှမ်းမြင်နေရသည့် အောက်ဖက်အဝေးရှိ ချောက်ကမ်းပါးပြတ်များသည် တစ်ချိန်တုန်းက ဧရာဝတီ၏ မြစ်ကမ်းပါးယံ များဖြစ်ခဲ့ကြသည်မှာ အလွန်ေ သချာပါသည်။ ကာလများစွာ ကြာမြင့်ပြီးနောက် ပြောင်းလဲရွေ့လျားသွားသော မြစ်စီးကြောင်းေ ကြာင့် ချောက်ကမ်းပါးပြတ်များသည် ဟိုနေရာ သည်နေရာတွင် အပိုင်းပိုင်းပြတ် ကျန်ရစ်ခဲ့ပြီး နောက်ဆုံးတွင် ကျွန်တော် တို့ မြင်တွေ့နေရသော အခြေအနေရောက်ရှိလာပုံပေါ်ပါ၏။ အောက်ဖက်ချောက်ကမ်းပါးပြတ်များရှိရာဆီ သွားချင်လျှင်တော့ ဟိုးအောက်ဖက်လျှိုထဲ အရင်ဦးဆုံး ဆင်းရလိမ့်မည်။ ပြီးမှတစ်ခါ မတ်စောက်မြင့်မားသော အခြားချောက်ကမ်းပါးပြတ် တစ်ခုပြီး တစ်ခုပေါ် ခဲရာခဲဆစ်ပြန်တက်ရမည်ဖြစ်သည်။ တချို့ချောက်ကမ်း ပါးပြတ်များသည် ကျွန်တော်တို့ ထိုင်နေ သော ချောက်ကမ်း ပါးထက်ပင် ပိုမြင့်မားနေတတ်သည်။ အများစုကတော့ နိမ့်ပါးကြ၏။
ကျွန်တော်တို့ထဲတွင် မည်သူကမျှ ချောက်ကမ်းပါး၏ ဟိုးအောက်ဖက်လျှိုအဆုံးထိရောက်အောင် မဆင်းဖူးကြပါ။ တစ်ခါတစ်လေ တွင်တော့ အခြားချောက်ကမ်းပါးပြတ်ထိပ် သို့တိုင်တက်၍ အော်ဟစ်ဆူညံနေကြသော လူအုပ်စုများကို ရှားရှားပါးပါးတွေ့ဖူး ပါသည်။ တစ်ကြိမ်တုန်းကတော့ ဟိုးအောက်ဖက်လျှိုထဲသို့ ဆင်းကြဖို့ ကျွန်တော်တို့ အမှန်တကယ် ကြိုးစားခဲ့ဖူး၏။ စက်ဘီးတွေ ကို အပေါ်ဖက်မှာ သော့ခတ်လျက်ထားခဲ့ကာ ဆင်းခဲ့ကြခြင်းဖြစ်ပါသည်။ အောက်ခြေတွင် မြေကြီးခဲများရှိနေသော မတ်စောက် သည့် ဆင်ခြေလျှောများကို လမ်းအဖြစ် ကျွန်တော်တို့အသုံးပြုရပါသည်။ သည့်ထက်ပိုမိုမတ်စောက်သော နေရာများတွင်တော့ မာကျောကျစ်လစ်နေသည့် ချောက်ကမ်းပါးနံရံမြေသားကို ကုပ်တွယ်ပြီး ကျွန်တော်တို့ အောက်ဆင်းရ၏။ တစ်ခါတစ် ရံ ချောက်ကမ်းပါးနံရံမြေသားတွင် တွယ်ကပ်ပေါက်နေသည့် ထနောင်းပင်၊ ကန္တာရပင်များ၏ အကူအညီကို ယူရသည်။ ဆူးများ ကိုလည်း သတိထားရသေး၏။ သည်မှာတင် အောက်ကိုဆက်ပြီးဆင်းနိုင်သော သူနှင့် မဆင်းနိုင်သော သူဟူ၍ လူစုက နှစ်စုကွဲ သွားသည်။ ကျွန်တော်နှင့် အခြားနှစ်ယောက်မှာ ဆင်းနိုင်ပြီး နောက်နှစ်ယောက်မှာ ဆက်မဆင်းနိုင်တော့ပါ။ အောက်ခြေေ ရာက်ဖို့ရန်မှာလည်း အဝေးကြီးလိုနေပါသေးသည်။ ဆင်းနိုင်သော ကျွန်တော်တို့က ဆက်ဆင်းခဲ့ကြရာ နောက်ထပ်ဝါး နှစ်ရိုက်ေ လာက်ထိသာ ဆင်းနိုင်ကြပြီး ဘယ်လိုမှ ဆက်မဆင်းနိုင်လောက်အောင် အကိုင်အတွယ်မရှိသော နေရာတစ်ခုမှာ ကျွန်တော်တို့ ခရီးစဉ် အဆုံးသတ်သွားခဲ့ပါ၏။ ထိုနေရာမှနေ၍ ကျွန်တော်တို့အားလုံးအပေါ်သို့ ပြန်တက်ခဲ့ကြရသည်။ သည့်အတွက် အပြစ် တင်စရာရှိသည်မှာ အလယ်တန်းကျောင်းသားအရွယ် ကျွန်တော်တို့၏ ပုသော အရပ်နှင့် လူကြီးအားအင်ကို မမှီနိုင်သေးသော အချိန်ကာလကိုသာ ဖြစ်ပါလိမ့်မည်။
(၄)
ကျွန်တော်တက်ရသော စာသင်ကျောင်းသည် လူဦးရေနည်းပါးသော နယ်မြို့လေးများ၏ ထုံးစံအတိုင်း တစ်နေကုန်အောင် တက်ရ ပါသည်။ နှစ်စဉ်တက္ကသိုလ်ဝင်းတ န်းအောင်ချက်ကောင်းသော ကျွန်တော်တို့ မြို့ကလေးသည် အနီးအနားမြို့ များနှင့် နှိုင်းယှဉ်လျှင် ပညာရေး မှာ အတော်ကို မြင့်မားသည်ဟု ဆိုနိုင်သည်။ ကစားမက်သော ကျွန်တော်သည်ပင် တစ်နှစ်တစ်တန်းမှန်မှန်အောင်၍ အင်္ဂလိပ်စာဘာသာနှင့် သင်္ချာဘာသာကို ကျူရှင်အမြဲယူထားရသည်။ တစ်ခါတစ်ရံ ကျောင်းမ တက်မီ မနက်ခင်းစောစောမှာ ကျွန်တော် ကျူရှင်သွားရ၏။ အများအားဖြင့်တော့ ကျောင်းဆင်းချိန် ညနေခင်းများသည် ကျွန်တော်၏ ကျူရှင်တက်ချိန်ဖြစ်ပါသည်။ ကျူရှင်ဆရာ၊ ဆရာမများမှာ ကျွန်တော်တို့ကျောင်း၌ သင်ပြသော ဆရာ၊ဆရာမများ ပင် ဖြစ်ကြ၏။
ကျွန်တော်၏ သင်္ချာကျူရှင်ချိန်သည် ကျောင်းဖွင့်ရက်မနက်ပိုင်းတချို့နှင့် စနေ၊တနင်္ဂနွေနေ့တွေမှာ ဖြစ်ပြီး အင်္ဂလိပ်စာကျူရှင် ချိန်မှာ ကျောင်းဖွင့်ရက်ညနေခင်းတိုင်းမှာ ဖြစ်သည်။ ဘာသာမတူသဖြင့် သင်ကြားသော ဆရာများ မတူညီကြသလို ကျောင်း သားများလည်း မတူညီကြပါ။ ကျွန်တော်တက်သော ကျူရှင်နှစ်ခုကို အတူတကွလိုက်တက်ေ သာ ကျောင်းသားတစ်ချို့ ရှိသော်လည်း အနည်းစုသာ ဖြစ်သည်။ ထိုအနည်းစုကို ခဏဖယ်ထားလိုက်လျှင် ကျွန်တော်သည် ကျူရှင်တစ်ခုစီက ကျောင်း သားတစ်ဖွဲ့ချင်းစီနှင့် ရင်းနှီးသလို ဖြစ်နေသည်။ အင်္ဂလိပ်စာကျူရှင်မှ သူငယ်ချင်းများနှင့် သင်္ချာကျူရှင်မှ သူငယ်ချင်းများဟူ၍ အဖွဲ့နှစ်ဖွဲ့ပင် ဖြစ်ပါသည်။ ထိုနှစ်ဖွဲ့ထဲတွင် သူသည် သင်္ချာ ကျူရှင်မှ သူငယ်ချင်းများအဖွဲ့ထဲတွင် ပါဝင်လာခဲ့ပါသည်။
သူနှင့် ကျွန်တော်သည် မည်သည့်အခါကမျှ ခင်မင်ရင်းနှီးခဲ့ကြဖူးခြင်းမရှိပါ။ ထို့အပြင် သူနှင့် ကျွန်တော်သည် ကျောင်းမှာ အခန်း ချင်းမတူဘဲ စာတော်ပုံရသော သူက Bခန်းက ဖြစ်ပြီး စာညံ့သော ကျွန်တော်က Dခန်းက ဖြစ်သည်။ Dခန်း သည် ကျောင်းတွင် နောက်ဆုံး အခန်းလည်း ဖြစ်ပါသည်။ ကျောင်းမှာ အခန်းချင်းမတူသော်လည်း သင်္ချာကျူရှင်တက်ရာ မှာတော့ ကျွန်တော်တို့နှစ်ယောက် တူညီခဲ့ကြသည်။ ကျွန်တော်သည် သူငယ်ချင်းများနှင့် ဆက်ဆံရေးပြေပြစ်သူဖြစ်ပါလျက်၊ သူသည်လည်း ဖော်ရွေအေးဆေးသော သွင်ပြင်ရှိပါလျက်၊ သင်္ချာ ကျူရှင်တစ်ခု၌ အတူတကွတက်ရောက်ဖြစ်ကြပါလျက်၊ နားမလည်နိုင်လောက်အောင်ပင် သူနှင့် ကျွန်တော် မခင်မင်မရင်းနှီးခဲ့ကြပါ။ ကျောင်းမှာ အခန်းချင်းမတူသော အခြားသူငယ်ချင်း များနှင့် ကျူရှင်ကျမှ ကျွန်တော်ခင်မင်ရင်းနှီးခဲ့ရသူတွေ အများကြီးရှိသော်လည်း သူကတော့ အမြဲပင် ချွင်းချက်ဖြစ်နေခဲ့သည်။ အဲသည်မနက်ခင်းမတိုင်မီ အချိန်အထိပေါ့လေ။
အဲသည်မနက်ခင်းသည် ကျွန်တော်တို့ အလယ်တန်းကျောင်းသားကျောင်းသူများအတွက် ပထမအစမ်းစာမေးပွဲမတိုင်မှီ စာ ကြည့်ချိန်ပိတ်ရက် စတင်သတ်မှတ်ပေးလိုက်သော နေ့ပြီးဆုံး၍ နောက်တစ်နေ့လည်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် သင်္ချာကျူရှင်ကို သည်နေ့ နောက်ဆုံးလာကြခြင်း ဖြစ်ပြီး နောက်ရက်များတွင် မိမိအိမ်၌ပင် စာကျက်ရတော့မည်ဖြစ်၏။ ဆရာမ က စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရမည်များကို မှာကြားသည်။ ထို့အပြင် အရေးကြီးသော ပုစ္ဆာများကို ကျောက်သင်ပုန်း တွင် ကောက်နုတ်ချက်များပေးသည်။ ကျူရှင်နောက်ဆုံးနေ့ဖြစ်သဖြင့် တချို့ကျောင်းသားများသည် ပျော်မြူးနေကြကာ အခါတိုင်းကျူရှင်တက်ချိန်များနှင့်မတူဘဲ အခန်းလေးသည် ဆူညံနေလေသည်။ ကျူရှင်ဆင်းလျှင် ကျွန်တော်တို့အား လုံး ကျောင်းပိတ်ရက်ထဲ ရောက်ရှိသွားမည်မဟုတ်လား။ ကျွန်တော်တို့ပုံစံက ပထမ အစမ်းစာမေးပွဲ ဖြေရန်ေ ကျာင်းပိတ် သည်နှင့် မတူဘဲ စာမေးပွဲပြီး၍ ကျောင်းပိတ်သည့်ပုံစံမျိုးဖြစ်နေခဲ့သည်။ ကျွန်တော်တို့အားလုံးသည် ကျောက်သင်ပုန်းပေါ်မှ သင်ခန်းစာများကို လျင်လျင်မြန်မြန်ပဲ ကူးယူနေကြသည်။
ထိုနေ့က သူသည် ကျွန်တော့်နောက်ဖက်ရှိ ခုံတန်းရှည်တစ်ခုမှာ ထိုင်ခဲ့သည်။ သို့သော် လက်ရေးနှေးသော ကျွန်တော့်ထက် သူက အလျင်စောစီးစွာ သင်ခန်းစာကို ကူးယူပြီးဆုံး သွားခဲ့သည်။ သူ့လိုပင် လျင်မြန်စွာ စာကူးပြီးသွားသော ကျောင်းသားေ ကျာင်းသူများ၏ ကွန်ပါဗူးပိတ်သံ၊ လွယ်အိတ်ထဲ စာအုပ်ထည့်သံ၊ ကျောပိုးအိတ်ဇစ်ပိတ်သံများက အခန်းလေးထဲ တွင် ရှေ့ဆင့်ေ နာက်ဆင့်ဆိုသလို ထွက်ပေါ်လာကြသည်။ ခဏကြာသောအခါ အလျင်ပြီးသူများက မပြီးသေးသူများကို စနောက်ကြသံ၊ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက် ကြသံ၊ ပြန်ဆုံတွေ့ရန်ချိန်းဆိုကြသံများဖြင့် စာသင်ခန်းလေးသည် ပိုမိုဆူညံလို့ သွားပါသည်။
“ဖိုးချင်းရေ…မနက်ဖြန် ငါတို့ စောင့်နေမယ်နော် မင်းထွက်ခဲ့”
“အေးအေး”
ရုတ်တရက် ကျွန်တော့်ကျောပြင်ပေါ် တစ်စုံတစ်ယောက်၏ လက်တစ်ဖက်ကျရောက်လာသလို ခံစားလိုက်ရသည်။ အမှန်မှာ သူက ကျွန်တော့်ကျောပြင်ကို လှမ်းပုတ်လိုက်ခြင်းဖြစ်သည်။ တစ်ဆက်တည်းမှာပဲ သူ့အသံက ကျွန်တော့်ဘေးဘက်မှ နီးကပ် စွာ ပေါ်ထွက်လာသည်။
“ သွားပြီ ဇင်ကိုရေ”
ကျောက်သင်ပုန်းပေါ်မှ နောက်ဆုံးစာကြောင်းကို ကူးနေရင်းလက်စဖြင့် မော့ကြည့်လိုက်သောအခါမှသာ သူမှန်း ကျွန်တော် သိလိုက်ရခြင်းဖြစ်သည်။ သူ့ကို ကျွန်တော်မော့ကြည့် ရင်း ကြောင်နေခဲ့သည်။ ကျွန်တော့်ကို သူလူမှားပြီးများနှုတ်ဆက်လိုက် သလား။ သို့သော် လည်း ကျွန်တော့်နာမည်ကို သူတိတိကျကျခေါ်ပြီး နှုတ်ဆက်သွားခဲ့တာဖြစ်သည်။ ကြောင်ပြီး ကြည့်နေသော ကျွန်တော့်ကို သူဘယ်လို ထင်လိုက်သလဲမသိပါ။ သူက ပြုံးပြသည်။ ထိုအခါမှ ပြန်ပြုံးပြရန်သတိရပြီး သူ့ကို ကျွန်တော်ပြုံးပြ လိုက်သော်လည်း ကျွန်တော့်အပြုံးမဆုံးခင်မှာပင် သူကလှည့်ထွက်သွားလေပြီ။ ဒါဟာ ကျွန်တော့်ဘ၀ထဲမှာ သူ့ကို နောက်ဆုံး အကြိမ်တွေ့ဆုံခဲ့ရတာလို့ ကျွန်တော် ဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ။ နောက်တစ်နေ့ကျောင်းပိတ်ရက် တွင် သူအပါအ၀င် သူတို့ B ခန်းမှ သူငယ်ချင်းလေးယောက် စုပေါင်း၍ မြို့ကလေး၏ ဧရာဝတီမြစ်ကမ်းပါးတစ်နေရာသို့ ပျော်ပွဲစားထွက်ကြသည်ဟု ကျွန်တော်ပြန်ကြားရသည်။ သူတို့အားလုံး အနည်းငယ်မူးယစ်နေခဲ့ကြကြောင်း ကိုလည်း သူတို့ကျန်ရစ်ခဲ့ကြသော နေရာမှ ဘီယာဗူးခွံများက သက်သေခံနေခဲ့သည်။ နောက်တော့ သူတို့ ဧရာဝတီမြစ်ထဲ ရေဆင်းကူးကြရာ ကံဆိုးစွာပင် သုံးယောက် က ရေနစ်သေဆုံးသွားခဲ့ကြပြီး ထိုအထဲတွင် သူပါဝင်သွားခဲ့၏။ သူတို့သတင်းသည် နှစ်ပေါင်းများစွာအတွင်း မြို့ကလေး၏ ရင်နာစရာကောင်းသော ဖြစ်ရပ်ဆိုးသတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါသည်။ သူတို့အဖွဲ့နှင့်အတူ ပျော်ပွဲစားမလိုက်ဖြစ်ဘဲ ကျန်ရစ် ခဲ့ သော သူငယ်ချင်းများမှာ ကံကောင်းသူများပင်ဖြစ်ပါသည်။
သည့်အရင်က သူနှင့်ကျွန်တော့်ကြားမှာ ဘာအတားအဆီးမှ မရှိပါဘဲလျက် ဘာကြောင့် ကျွန်တော်တို့ချင်းခင်မင်ခွင့်မရှိခဲ့ရသ နည်း။ သည့်အရင်က သူနှင့်ကျွန်တော့်ကို ကြားသူငယ် ချင်းတစ်ဦးဦးက ဘာကြောင့်မိတ်မဆက်ပေးခဲ့သနည်း။(ဥပမာ-ပျော်ပွဲ စားမလိုက် ဖြစ်ခဲ့ သော ဖိုးချင်းကပဲ ဖြစ်ဖြစ်)။ အထူးဆန်းဆုံးမှာ သည့်အရင်က သူနှင့် ကျွန်တော်မခင်မင် မသိကျွမ်းခဲ့ပါဘဲနှင့် ထိုနေ့က ကျူရှင်အပြန်မှာ သူဘာဖြစ်လို့ ကျွန်တော့်ကို နှုတ်ဆက်သွားခဲ့ပါသနည်း။ ဤအဖြေများကို ကျွန်တော်ဘယ်သောခါမှ သိခွင့်ရနိုင်တော့မည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် အဲသည်မနက်ခင်းပြီးဆုံးသွားပြီးနောက်ပိုင်း ကျွန်တော့်ဘ၀တစ်လျှောက်လုံးတွင် သူသည် ကျွန်တော်ခင်မင်ရသော အခြားသော သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့သည်။ မြို့ကလေးဆီမှ ကျွန်တော်၏ အခြားေ သာသူငယ်ချင်းများဖြစ်ကြသော မြင်းဟီသံများ၊ ရေနံတူးယန္တယားကြီးများ၊ ဧရာဝတီမြစ်ကမ်းပါး၏ ချောက်ကမ်းပါးယံများကဲ့သို့ ပင် ဖြစ်ပါသည်။ ။
လွန်းဆက်နိုးမြတ်
၂၀.၉.၁၂
ညနေ ၀၅း၂၀နာရီ
ဇီဝကမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊၂၀၁၃၊