ဘုရားသခင်ဟု အမည်ပေါက်သူတစ်ယောက်

ဘုရားသခင်ဟု အမည်ပေါက်သူတစ်ယောက်

 

ပြည်သူချစ်သူရဲကောင်းကြီးဟာ
ဒေါ်လာစက္ကူတစ်ရွက် လိပ်တဲ့ပြီး
ကိုယ်တုံးလုံးချွတ် မိန်းမတစ်ယောက်တင်ပါးပေါ်က
ကုတ်ကင်းတွေ အငမ်းမရရှိုက်သွင်းလိုက်တယ်။
လိင်ဆက်ဆံတိုင်း လိင်တံမှာ ဘာမှ စွပ်မထားတဲ့ ဘုရားသခင်။
မွေးကင်းစကလေးတွေ လက်ထဲမှာ
တိုက်ကြီးခြောက်တိုက်စလုံး ပြာကျစေမယ့်
ဖောက်ခွဲရေးအဝေးထိန်းရီမုကွန်ထရိုးကိုယ်စီ။
ပေါက်ကွဲခါနီးလေယာဉ်ပျံပေါ်က အလွတ်ခုန်ချသွားတဲ့ ဘုရားသခင်။
မြစ်တစ်စင်းထဲ ပုပ်ပွအလောင်းတွေ စွန့်ပစ်ကြတယ်။
ဓာတုအရည်တွေ စွန့်ပစ်ကြတယ်။
ကျောက်မီးသွေးတင် ရထားခေါင်မိုးပေါ်
ဓာတ်ငွေ့ကာမျက်နှာဖုံးစွပ်လျက် လိုက်ပါသွားတဲ့ ဘုရားသခင်။
မျိုးတုန်းပျောက်ကွယ်တော့မယ့် တိရိစ္ဆာန်တစ်ကောင်ရဲ့
နာနာကျင်ကျင်နောက်ဆုံးအော်သံ။
ကျားသေကို ဂုဏ်သရေနဲ့ ဖုံးထားတဲ့ မြို့ကြီး။
ခုနစ်ရက်တစ်ခါ ကိုယ့်ကိုယ်ကိုယ်
အပျော်တမ်း သတ်သေနေတဲ့ ဘုရားသခင်။
အိုး အိုး ဒယ်ဒီ ဒယ်ဒီ ကောင်းလိုက်တာ
မိုင်ပရင့်စက်စ် မိုင်ပရင့်စက်စ် နင်ဟာ နင့်အမေထက် ပိုကောင်းတယ်။
အမဲလိုက်ထွက်ရင်း ပုခုံးပေါ်လာနားတဲ့ ချိုးငှက်ကို
ကင်စားနေတဲ့ ဘုရားသခင်။
ဖိနပ်ချုပ်သမားတွေရယ်
ပေါင်မုန့်ဖုတ်သမားတွေရယ်
အလစ်သုတ်သမားတွေရယ်
ခြေချင်းလိမ်နေတဲ့ ဒီကမ္ဘာမှာ
ချက်အရက်ဆိုင်ထဲ ခွက်ပုန်းဝင်ခုတ်နေတဲ့ ဘုရားသခင်။
ဘုရားသခင်ကို ရည်မှန်း
ငါတို့ ဖြတ်ခဲ့တဲ့ ဦးခေါင်းတွေ။
ငါတို့ ဘုရားကျောင်းထဲ
ငါတို့ထက် အဆင့်နိမ့်တဲ့ မိန်းမတွေ မဝင်ရ။
အမွှေးတွေထောင် သားရည်တွေ စီးကျ
လပြည့်လကွယ်ညတွေဆို ခွေးဆိုးတစ်ကောင်လို
လေးဖက်ကြီးထောက် အူနေတတ်တဲ့ ဘုရားသခင်။

 

လွန်းဆက်နိုးမြတ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s