ညအမှောင်ထုအောက်
ပြည့်တန်ဆာမ နာဖျားမှောက်
ငါ့ကျောပေါ်ထမ်းလျှောက်။ ။
လွန်းဆက်နိုးမြတ်
aug 16,2014
တစ်ယောက်ချင်း
ချိန်းဆို စီးချင်းထိုးပွဲမှာ
သူ့ယောကျာ်းကို မသတ်ဖို့
သားသမီးတွေကို သနားဖို့
ခန္ဓာကိုယ်ပုံအပ်ကာ
အမျိုးသမီး ဆိုရှာတယ်။
ငါ ပြန်ဖြေတယ်။
ဓားသမားရဲ့ ကျင့်ဝတ်က
သူ့မယားကို မှိဝဲဖို့မဟုတ်သလို
ဓားရဲ့ ကျင့်ဝတ်ကလည်း
အမှန်တရားကို မျက်ကွယ်မပြုဘူး။
သားသမီးကို သနားဖို့ဆိုတာကတော့
ဖခင်တစ်ယောက်ရဲ့
ပင်ကိုယ်ကျင့်ဝတ်သာဖြစ်တယ်။ ။
လွန်းဆက်နိုးမြတ်
ရွှေကျီးဟာ
ဝါးထီးပေါ်ကတဆင့်
လမ်းမတွေဆီ
တစ်စုံတစ်ယောက်က ဆွဲစုပ်ယူလိုက်သလို
နောက်ပြန်ခုန်ဆင်းသွားတယ်။
ဒီထက်မက
မြို့ရိုးကို နောက်ပြန်ခုန်ထွက်
မြို့ပြင်လမ်းအတိုင်း
နောက်ပြန်ပျံသန်းပျောက်ကွယ်သွားတယ်။
အမှောင်လာပြီ။
မီးအိမ်တွေ ထွန်းလိုက်ကြပြီ။
နောက်နံနက်ခင်းမှာ
တစ်စုံတစ်ယောက်က မှုတ်ထုတ်လိုက်သလို
တဟုန်ထိုးပြေးထွက်လာမယ့်
ရွှေကျီးအတွက်
ငါနဲ့ ငါ့ဓား
အဆင်သင့်ဖြစ်ပြီ။
ဒီထက်မက။ ။
လွန်းဆက်နိုးမြတ်