ဝါသောအရောင်( Yellow)
ဝါသောအရောင်တစ်ခုကျုပ်ဟာအရောင်တစ်မျိုးကိုမချစ်ဘူးအ၀ါရောင်ဟာသူ့ရဲ့အသံနဲ့
ကျုပ်ကိုပျင်းရိအောင်လုပ်ပြီးသန့်စင်တဲ့သတ္တုရဲ့အော်သံနဲ့အတူအဆုံးမတော့ခေါင်းလောင်းထိုးသံ
အ၀ါရောင်ကသင်၏လက္ခဏာကိုဆုပ်ကိုင်ထားခြင်းဟာကုဗတုံးရေခဲများပျော်ကြခြင်းမှအေးစက်တဲ့
အရသာသည်ပင်စကားလုံးတစ်လုံးအားလှည့် ဖြားခြင်းအရာငါ့ကိုသူပိုင်တဲ့ကမ္ဘာကိုပြသတဲ့အ၀ါရောင်
ကျုပ်အထင်တော့ထောပတ်ခွက်များကခလေးငယ်တစ် ယောက်ရဲ့မေး အောက်မှတစ်ဆင့်
နုပျိုတဲ့လည်မျိုတစ်လျောက်မိတ်ဆွေဖြစ်မှုနဲ့အတူထိတွေ့ခြင်းနှင့်အတူအိုသင်ဟာထောပတ်ကို
နှစ်သက်တာပဲဆိုသင်တစ်ကယ်ပြုလုပ်ချင်သောအံ့မခန်းအရာများအားထားရစ်ပြီးပန်းရိုင်းများ
ကတော့သူတို့အားနမူနာဌာန၌ပြီးပြည့်စုံခြင်းဖြစ်ကာအရိပ်သည်ပျားပုတုံး၏တောင်ပံထက်ပို၍
လျှင်မြန်ရွေ့လျားပြီးနောက်ထိုနေရာတွင်သူ့တို့သည်သင်၏ကြာရှည်ခိုင်မြဲမည်မဟုတ်သောငယ်
ဘ၀အားသင်ပြန်ခံစားရသလိုရိတ်သိမ်းခြင်းနောက်ကွယ်အ၀ါရောင်ဘက်၌သင်ရှောင်ရှားပါသော
အမြစ်တွယ်မှုဟာသူ့ကိုယ်ပိုင်တေးသွားကိုနာကျင်မှုတစ်မျိုးဖြစ်စေသည့်နှိုးဆွခြင်းနှင့်ကျယ်ပြန့်
ပါသောအရည်ခွံများသည်ထိုအရာကကုလားချဉ်ပေါင်ပင်ထိုအရာကမည်သို့ပင်ဖြစ်ဖြစ်အမြဲတမ်း
အ၀ါရောင်ဗျည်းအက္ခရာကသစ်ရွက်များပေါ်မှာထိုးတက်၍အခြားသောအပင်များ၏အခြားသော
အပင်များ၏အနီရင့်ရောင်တီးတိုးပြောသံနှင့်ဆေးဖက်ဝင်ပင်များသင်ဘယ်တော့မှသိခွင့်မရှိသော
မတော်တဆလက်များ၏အမည်ဟာသင့်မှတ်ဥာဏ်တွင်းပွင့်ထွက်တဲ့အ၀ါရောင်သည်ပန်းသီး
တစ်လုံးအားနေရောင်မထိထားသကဲ့သို့အ၀ါရောင်သည်မြစ်တစ်စင်း၏နှလုံးသားဖြစ်သလိုညနေ
ခင်းမြက်များဆီကနွေဦးသစ်စေ့များသစ်ပင်အဆီအနှစ်ထဲသို့ရောက်ရှိပြေးဝင်သည့်လယ်ကွင်းများ
လည်းထိုနည်းလည်းကောင်းဖြစ်၍သဘာဝဘိန်းပင်များပင်စီ၏ရှည်လျားခိုင်မာခြင်း၌ကျုပ်ဟာ
အ၀ါရောင်အားပြန်လည်တည်ဆောက်ပါသော်လည်းမြန်မြန်ဆန်ဆန်ကြောက်ရွံ့အ၀ါရောင်၏
အားနည်းမှုသည်ရှင်ခြင်းနှင့်သေခြင်းကြား၌ရှိပါသောတံတားတစ်ခုအလေ့ကျပေါက်ပင်
သစ်ရွက်များကချည်မျှင်များကိုရွှေဒင်္ဂါးပြားများကဲ့သို့ထုတ်လုပ်နေခြင်းဒါမှမဟုတ်နောက်
ဘ၀ပိုတစ်ခုလိုဥတုရာသီ၏ပေါင်းခံခြင်းကသစ်သီးများအားချိုမြိန်စေခဲ့သည်သို့မဟုတ်ကြီးမား
သည့်အ၀ါရောင်သည်သကြားများ၍ချိုမြသောအရသာရှိသည့်ပုံသဏ္ဍန်မျိုးစုံနှင့်သစ်စေ့များအား
ကိုက်ခဲ၍ ထိုသစ်စေ့များက အနံ့မကောင်းတဲ့ သင့်လည်ချောင်းကအသားလွှာကဲ့သို့
မှောင်မိုက်ပြီးသင့်လည် ချောင်းအ၀ါရောင်ရေမြောင်းရေဆာမှု
ကသင်မနှစ်သက်သောကြက်ဥပို၍သူ၏စက်ဝန်းကွေးများကဲ့သို့အ၀ါရောင်ကြက်ဥပြုတ်ဆူခဲ့ပြီး
မရှိတော့တဲ့ရနံ့ကိုပေးသော်လည်းသင်ကမျက်နှာကိုပေါင်းတင်ချင်တာကပူသောအမျှင်များ
ထုတ်တဲ့ရီဝေေ၀သင့်မျက်ဝန်း၏ကြက်ဥအနှစ်အ၀ါရောင်သည်ငလျင်ဗဟိုချက်သကဲ့သို့
နှောက်ယှက်မှုလက်ဆန့်တန်းကြိုဆိုသောရစ်သစ်တစ်ခုဟာအ၀ါရောင်မွန်းလွဲထဲမှာရှိပြီး
အဲဒီမွန်းလွဲသည်ပင်စိတ်ကူးအလင်းထဲပစ်ချခံရတဲ့အမျိုးအစားတစ်ခုဟာသင့်၏မှတ်ဥာဏ်ထဲမှာ
ရှိပြီးထိုအရာကချက်ချင်းဖြစ်ပေါ်မှုအခြေအနေကအတိတ်အဖြစ်အပျက်များသင်ကြားဖူးသော
ပုံပြင်များအားရောနှောပစ်သည်နှင့်အတူပုံရိပ်များကအ၀ါရောင်ထဲရှိသင့်အားသရုပ်ဆောင်ပြနေ
íတေးဌက်များကအ၀ါရောင်တေးသွားကိုသီဆိုသည့်နောက်ကွယ်၌လိုက်ပါလာသောတေးသွား
သည်ပယင်းကျောက်ဂီတသင်္ကေတများကအနက်ရောင်လက်ရေးလှအင်းဆက်များ
အားထောင်ချောက်ဆင်ခဲ့íသင့်ဖိနပ်ပေါ်ကျတဲ့လမ်းမကအလင်းရောင်အားထုပ်ပိုးခဲ့íထိုအရောင်
ကသင့်အားလုံခြုံသောအ၀ါရောင်အားပေးပြီးနောက်လုံခြုံသောအဆုံးမဲ့အ၀ါရောင်အားပေးပြန်၏။
လစ်ဇ်မာပီ.
( Yellow. Lizz Murphy ).
Double Room မှ
ဇော်ဇော်ထွန်း