ငြီးငွေ့သူတစ်ဦးရဲ့ မှတ်စု

ငြီးငွေ့သူတစ်ဦးရဲ့ မှတ်စု

 

ရွှေတွင်းတွေ
လူတန်းစားကွဲပြားမှုအတွက်
ရွှေတွေ ထွက်မြဲပါပဲ။
အကြမ်းဖက်သတင်းတွေ ရိုးအီလာတယ်။
ကိုယ့်သမီးရင်းနဲ့ ဖြစ်ဖြစ်
မြင်းတစ်ကောင်နဲ့ ဖြစ်ဖြစ်
လိင်ဆက်ဆံတယ်ကြားရလည်း မဆန်းကြယ်။
ကမ်းခြေတစ်ခုပေါ်မှာ
ပင်လယ်ခြားဖြတ်ကျော်ခိုးဝင်လာတဲ့
မှောက်လျက်ကလေးငယ်အလောင်းတွေ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
လက်ကမ်းစာစောင်တစ်ရွက်
စက္ကူစွန်ချိုးလွှင့်ပစ်လိုက်တယ်။
လုဟာ
အရာရာကို ငြီးငွေ့ကုန်ခမ်းသွားတဲ့အခါ
ကိုယ့်အသက်ကိုယ်
ပြန်ရန်ရှာတတ်တဲ့ သဘောရှိရဲ့။

 

လွန်းဆက်နိုးမြတ်
၁၇.၅.၁၆
မနက် ၁၂း ၃၅ နာရီ

ဆာမူရိုင်း ၂၆

tumblr_n17oj31Lz31s9sbkto1_1280ဆာမူရိုင်း ၂၆

 

ညအမှောင်ထုအောက်
ပြည့်တန်ဆာမ နာဖျားမှောက်
ငါ့ကျောပေါ်ထမ်းလျှောက်။ ။

 

လွန်းဆက်နိုးမြတ်
aug 16,2014

ဆာမူရိုင်း ၂၄

4be68f0b4855ea94b9aa073e11d2d329ဆာမူရိုင်း ၂၄

 

သေပြီးသား သူရဲကောင်းက
မပျက်စီးဘူး။
ရှင်သန်ဆဲ သူရဲကောင်းက
သူရဲကောင်းအဖြစ်မှ
ပျက်စီးနိုင်တယ်။
ဆရာသခင်ရဲ့ မြေပုံရှေ့မှာ
ငါဟာ အကြာကြီး ရပ်တန့်လို့။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၂၃

imagesဆာမူရိုင်း ၂၃

 

တစ်ယောက်ချင်း
ချိန်းဆို စီးချင်းထိုးပွဲမှာ
သူ့ယောကျာ်းကို မသတ်ဖို့
သားသမီးတွေကို သနားဖို့
ခန္ဓာကိုယ်ပုံအပ်ကာ
အမျိုးသမီး ဆိုရှာတယ်။

ငါ ပြန်ဖြေတယ်။
ဓားသမားရဲ့ ကျင့်ဝတ်က
သူ့မယားကို မှိဝဲဖို့မဟုတ်သလို
ဓားရဲ့ ကျင့်ဝတ်ကလည်း
အမှန်တရားကို မျက်ကွယ်မပြုဘူး။
သားသမီးကို သနားဖို့ဆိုတာကတော့
ဖခင်တစ်ယောက်ရဲ့
ပင်ကိုယ်ကျင့်ဝတ်သာဖြစ်တယ်။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၂၂

Samurai_Rain_by_Artnaitveဆာမူရိုင်း ၂၂

 

ဂိုဒိုင်ဂိုခေတ်လက်ကျန်
ဇရပ်ပျက်တစ်ဆောင်မှာ
မိုးခိုစရာ တစ်နေရာရှိတယ်။
ငါ အရင်ရောက်ပေမဲ့
ခရီးသွား သားအမိငဲ့ကွက်
မိုးပြင်းလေပြင်းကြား
ငါ မနားတမ်းဆက်သွားတယ်။
အခု
ငါကိုယ်တိုင် မိုးစက်။ ။

 

လွန်းဆက်နိုးမြတ်

ဆာမူရိုင်း ၂၁

shutterstock_95320195ဆာမူရိုင်း ၂၁

 

ရွှေကျီးဟာ
ဝါးထီးပေါ်ကတဆင့်
လမ်းမတွေဆီ
တစ်စုံတစ်ယောက်က ဆွဲစုပ်ယူလိုက်သလို
နောက်ပြန်ခုန်ဆင်းသွားတယ်။
ဒီထက်မက
မြို့ရိုးကို နောက်ပြန်ခုန်ထွက်
မြို့ပြင်လမ်းအတိုင်း
နောက်ပြန်ပျံသန်းပျောက်ကွယ်သွားတယ်။

အမှောင်လာပြီ။
မီးအိမ်တွေ ထွန်းလိုက်ကြပြီ။
နောက်နံနက်ခင်းမှာ
တစ်စုံတစ်ယောက်က မှုတ်ထုတ်လိုက်သလို
တဟုန်ထိုးပြေးထွက်လာမယ့်
ရွှေကျီးအတွက်
ငါနဲ့ ငါ့ဓား
အဆင်သင့်ဖြစ်ပြီ။
ဒီထက်မက။ ။

 

လွန်းဆက်နိုးမြတ်