ခေတ်ပေါ်အမြင်

ခေတ်ပေါ်အမြင်

 

ဘယ်စာပဲရေးရေး ဘယ်ကားပဲစီးစီး ဘယ်ကောင်မလေးပဲဖြစ်ဖြစ်
ဘယ်အရက်ပဲသောက်သောက် သြော် ဘာပို့စ်ပဲဒန်ဒန် ဘာအသားပဲရရ
ဘာသီချင်းပဲဖွင့်ဖွင့် ဘာအကြောင်းပဲပြောပြော ဘာရောဂါပဲတက်တက် ခက်ပြီ
ဘယ်သူ့ကိုပဲကိုးကွယ်ကိုးကွယ် ဘယ်သူ့နောက်ပဲလိုက်လိုက် ဘယ်သူပဲထုတ်ဝေ
ထုတ်ဝေ ဘယ်သူပဲမနာလိုမနာလို ဘယ်သူပဲ ဆုချီးမြှင့်ချီးမြှင့် ငါ့နှယ်
ဘယ်လောက်ပေးပေး ဘယ်လောက်ပဲဝေးဝေး ဘယ်လောက်ပဲသွားသွား
ဘယ်လောက်တိုက်ခိုက်တိုက်ခိုက် ဘယ်လောက်ပဲပါနေပါနေ ဘယ်လောက်ပဲ
ငြင်းဆန်ငြင်းဆန် ကဲကွာ ဘယ်နည်းနဲ့ရရ ဘယ်နည်းနဲ့စပ်စပ် ဘယ်နည်းနဲ့ချုပ်
ချုပ် ဘယ်နည်းနဲ့ကြော်ကြော် ဘယ်နည်းနဲ့ရောက်ရောက် ဒီမှာ ဘာကြောင့်ပဲလာလာ
ဘာကြောင့်အခွံချွတ်အခွံချွတ် ဘာကြောင့်ဖြုတ်ဖြုတ် ဘာကြောင့်ရေရောရေရော
ကြည့်စမ်း ဘယ်လိုလူပဲဖြစ်ဖြစ် ဘယ်လိုအမြည်းပဲစားစား ဘယ်လိုခွင်ပဲဖန်ဖန်
ဘယ်လိုဘုတ်ပဲထောင်ထောင် ဟုတ်ပြီလား ဘာအတွက်ခေါ်ခေါ် ဘာအတွက်
မျှော်မျှော် ဘာအတွက်အော်အော် ဘာအတွက်ကျွေးကျွေး ဒီလိုကွ ဘယ်သူပဲမှားမှား
ဘယ်သူပဲမှန်မှန် ဘယ်သူပဲမိတ်ဆက်ပွဲလုပ်လုပ် ဘယ်သူပဲတက်ရောက်လာလာ
နေဦး ဘာဖြစ်လို့ဘေးကန်ပစ်ကန်ပစ် ဘာဖြစ်လို့ရေးဟန်ပြောင်းပြောင်း
ဘာဖြစ်လို့အုပ်စု ကွဲကွဲ ဘာဖြစ်လို့အမျိုးသမီးချည်းသီးသန့်ခေါ်ခေါ် သိပြီနော်
ဘယ်ကကြားကြား ဘယ်ကဖားဖား ဘယ်ကအားအား ဘယ်ကကြားကြား
ကုန်ကုန်ပြောမယ် ဘာတွေပဲထွက်ထွက် ဘာတွေပဲကြေငြာကြေငြာ ဘာတွေပဲသိသိ
ဘာတွေပဲထူးထူး။ ။

 

လွန်းဆက်နိုးမြတ်

၂၀၀၉

One comment on “ခေတ်ပေါ်အမြင်

  1. thoehtane says:

    ဘယ်ကကြားကြား ဘာတွေပဲထူး ထူး ဘယ်ကကြားကြား ဘာတွေပဲထူး ထူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s