အရန်သင့်ထုပ်ပိုးခံဘဝ

အရန်သင့်ထုပ်ပိုးခံဘဝ

လမ်းမပေါ် ကားတွေဟာ ပြေးလွှားနေပြီး
သစ်ပင်တွေရဲ့ ညှို့ငင်မှုထဲ လေက တဒီးဒီးရမ်းခါနေတယ်
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို
သစ္စာဖောက်ဖို့ ပြင်ဆင်နေတာ ဘေးကနေ မြင်ရတဲ့အခါ
လှေကားထစ်များအတိုင်း စေ့စပ်လက်စွပ်ကလေးဟာ
တလိမ့်ချင်းလိမ့်ဆင်းသွားခဲ့တယ်
ဒီမြင်ကွင်းကို ခဏခဏ လှည့်ကြည့်နေမိတာ
ဘယ်နှကြိမ်မြောက်မှန်းမသိတော့ဘူး
ရုတ်တရက်
သေကြောင်းကြံစည်လိုက်တဲ့
သစ်ကိုင်းခြောက်လေးကို ကြည့်ပါ
အပြန်အလှန် နားလည်ခြင်းတရားမဲ့စွာနဲ့
အသိဥာဏ်တွေ အဆိပ်ခတ်ခံလိုက်ရတယ်
ခြင်ဆေးခွေတစ်ခု အရွယ်အစားဟာ
သာမန်ခြင်ဆေးခွေထက် ပိုလည်းကြီးတယ်
လုပ်ထုံးလုပ်နည်းများအရ
တံခါးကို တဒေါက်ဒေါက်နဲ့ ခေါက်မရတဲ့အုံး
ညာခြေနဲ့ ဆောင့်ကန်ချိုးဖျက် ၀င်လိုက်တယ်
နံရံမှာ ကပ်ထားတဲ့ အချိန်စာရင်းအတိုင်း
ကျွမ်းလောင်စီးဆင်းဖို့ သေချာရဲ့လား
ပြောပုံဆိုပုံကတော့
သူ့ရှေ့က ကောင်မတွေလိုပါပဲ
ကိုယ့်ဘက်မှာ တစ်ယောက်မှမရှိမှန်း
ကြာလာလေ သိလာလေ
မြစ်ကမ်းခြေ နုန်းစပ်မှာ တင်နေပြီး
အ၀တ်စိုတွေ လှမ်းဖို့လောက်သာ အသုံးဝင်တော့တဲ့
သင်္ဘောပျက်တွေအတိုင်းပေါ့
လူမှုအတွေးအခေါ်အားလုံးဟာ ငွေကြေးရလိုမှုကလွဲရင်
ဘယ်အတွက်မှ အသံကောင်းကောင်းမထွက်တော့ပါ
ပြောပါဦး မင်းခေါင်းက ဒဏ်ရာ ဘယ်လိုရသလဲဆိုတာ
အို…ကျွန်မရဲ့ အချက်အလက်မှန်သမျှ
ရှင်ကိုင်ထားတဲ့ ဖိုင်ထဲမှာ ရှိတယ်
ဟုတ်ပါတယ်
ဒါပေမဲ့ မင်းပြောတာပဲ နားထောင်ချင်တယ်
လုပ်စမ်းပါ ကားစတီယာရင်ကို
မင်းဆွဲလှည့်လိုက်တာက စလို့ပေါ့…။    ။

လွန်းဆက်နိုးမြတ်
မန်းချောင်းလရောင် Poetry Life 2011

Advertisements

One comment on “အရန်သင့်ထုပ်ပိုးခံဘဝ

  1. ကဗျာတွေ လာဖတ်ဖြစ်ပါတယ် …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s